နောက်တနေ့မနက် ချီဟွားအိပ်ရာထပြီး အိမ်တော်ကအလုပ်နဲနဲပါးပါးဝင်ကူလိုက်သေးတယ်။ မေ့ရီကတော့မလိုပါဘူးသခင်လေးဆိုတာကြီးပဲ။
မနေ့ကလန်စုရီကသူ့နောက်မှပြန်ရောက်လာတာ။ ပြီးတော့စိတ်တိုနေသလိုပဲ။ ကြည့်ရတာသူတို့အစီအစဉ်အဆင်မပြေခဲ့ဘူးနဲ့တူတယ်။ ရောက်တာနဲ့သူ့အိပ်ဆောင်ကိုလာပြီး သောင်းကြမ်းသွားသေးတယ်။ မူလလန်ချီဟွားက ဇာတ်လိုက်မရဲ့ဒေါသဖြေဖျောက်ရာဖြစ်နေတာပဲ။
ဒါပေမဲ့သူသည်းခံလိုက်ပါတယ်.....
အိမ်တော်ကအစေခံတွေက ချီဟွားကိုသနားနေကြတာလေ။ သူလဲအရင်ချီဟွားလိုနေနေရသေးတာဆိုတော့ ပုံစံပြောင်းလိုက်လို့မဖြစ်ဘူး။
Oocပွင့်သွားရင်တောင်သူပြောင်းလဲဖို့စိတ်ကူးမရှိပါဘူး။ ဘယ်သူမဆိုဖြူစင်ပြိး ကြင်နာတတ်တဲ့သူကိုချစ်ခင်ကြတာသဘာဝပဲလေ။ လန်ချီဟွားရဲ့စိတ်တွေကိုအရောင်ဆိုးချင်စိတ်မရှိပါဘူး။
အခုတော့ မနေ့ကကယ်တင်လာခဲ့တဲ့ဇာတ်လိုက်ကြီးကို မနက်စာနဲ့ဆေးတွေသွားပို့ရင်း missionထမ်းဆောင်ဖို့ကြိုးစားနေတယ်။
သူ့တာဝန်တွေကအရမ်းလွယ်နေတယ်။ ရွှေရောင်ပေါင်လုံးကြီးကိုသာအပီဖက်ထားနိုင်ရင် အကုန်အဆင်ပြေပြီးသားပဲ။ မိခင်ကိုကောင်းကောင်းအိပ်စက်စေနိုင်ဖို့အတွက် ဇာတ်လိုက်ကိုအကူအညီတောင်းလိုက်လို့ရတယ်လေ။ ဇာတ်လိုက်သာသူ့ကိုချစ်သွားပြီဆိုရင် လန်အိမ်တော်ကထွက်ရမှာပဲ။ သူ့ကိုချစ်တဲ့သူနဲ့လဲဆုံပြီးပြီဆိုတော့သူ့တာဝန်အကုန်ပြီးသွားပြီ။
သူသံသယတောင်ဝင်မိသေးတယ် ဒီsystemက bugဖြစ်နေလားလို့။ လုပ်ရမဲ့တာဝန်တွေကအရမ်းလွယ်လွန်းနေလို့ရှောင်ထို့ကိုမေးကြည့်တော့ ပထမဆုံးအကြိမ်မို့လို့စိတ်မပင်ပန်းစေဘဲအေတွ့အကြုံရယံုစတင်ခိုင်းတာပါတဲ့။
ဒါကတော့အထက်ကလူတွေစေတနာကောင်းလွန်းနေကြတာပါ သူ့ကိုဝန်ဆောင်မှုဆိုပြီး ကြိတ်ခရက်စ်နေတဲ့လူကြီးရဲ့ပူံစံလုပ်ပေးလိုက်ကတည်းက အဲ့လူတွေတော်တော်အကူအညီလိုနေတယ်ထင်ပ။
ဒါပေမဲ့ သူတို့အဲ့လောက်မဆွဲဆောင်လဲကူညီမာပါ။ ဘယ်သူကသေချင်နေလို့လဲ? ¯\_(ツ)_/¯
YOU ARE READING
𝖠𝗍𝗍𝖾𝗇𝗍𝗂𝗈𝗇 𝗈𝗇 𝖠𝗍𝗍𝗋𝖺𝖼𝗍𝗂𝗈𝗇 𝗍𝗈 𝖬𝖺𝗅𝖾𝖫𝖾𝖺𝖽(𝘚𝘺𝘴𝘵𝘦𝘮)
Teen FictionSystem : Hossst... ဇာတ်လိုက်ကိုဆွဲဆောင်ဖို့ကို အာရုံစိုက်စမ်းပါ ChenYun : ငါ့အလုပ်ငါလုပ်နေပါတယ်ဟ ဇာတ် လိုက်မရဲ့ထောက်တိုင်ေတွကိုဖြုတ် ေနတယ်လေကွာ အာ... ဗီလိန်ကစွရမ်းချော စွ...