(အဲ့ဒီတော့ အခု ငါလေးကဘယ်အချိန်ကိုရောက်နေပြီလဲ)
(Hostရောက်တဲ့အချိန်ကစောပါသေးတယ် လန်စုရီ ချီဟွားရဲ့မျက်နှာမြင်ပြီးတာမကြာသေးဘူး။ ပြီးတော့ အရိုက်ခံရတာကလဲ လန်စုရီအတွက် ဟင်းချက်ခိုင်းတာကို အရသာမတွေ့လို့ပါတဲ့)
(ဒီကိုယ်ပိုင်ရှင်ကမချက်တတ်လို့လား)
(မဟုတ်ပါဘူးနော် ချီဟွားလေးက အရမ်းအချက်အပြုတ်တော်တာ သူ့အတွက်သူပဲချက်စားရတာမို့လို့။ ဟိုကောင်မကြီးက သပ်သပ်မဲ့အနိုင်ကျင့်တာ ဟွန့်)
(ထင်သားပဲ အဲ့တော့ ငါလေးက ဇာတ်လိုက်ကိုလဲမကယ်ရသေးဘူးပေါ့။ အချိန်ကောင်းကိုရောက်လာတာပဲ)
(ဟုတ်တာပေါ့ သနားစရာချီဟွားလေးကိုကယ်တင်လိုက်ပါဦး။ ကြားထဲမာပေါ်လာမဲ့ Side missionsတွေရှိရင်ပြောပြမယ်)
(ကောင်းပြီလေ စောင့်ကြည့်နေစမ်းပါ သောက်ဂွစုရီနဲ့ လန်စုချိန်*)
(သိထားရမှာက လုံးဝOocမဖြစ်ရပါဘူးနော် ဇာတ်လိုက်ရဲ့အရံဇာတ်ကောင်အပေါ်စိတ်ဝင်စားမှု 50%ရှိမှOocပွင့်မှာပါ)
ရှီချန်းယွင် သက်ပြင်းတချက်ရှိုက်ထုတ်၍.....
(လွယ်ပါတယ်)
လန်စုချိန် - လန်ဖေဖေ
----------အဆင့်အတန်းရှိရှိ ပြင်ဆင်နေရာချထားသော အခန်းထဲရှိ လှပသောကောင်ငယ်လေးသည် နာကျင်မှုကိုကြိတ်မှိတ်ခံစားရသကဲ့သို့ ရှုံ့မဲ့ေသာမျက်နှာတော်သည် သိသာစွာကျုံ့ထားသော မျက်ခုံးများအရ မည်မျှနာကျင်နေလိမ့်မည်နည်း။
အခန်းတွင်းသို့ဝင်ရောက်လာသောအပျိုတော်သည် သူမ၏သခင်လေးအတွက် စိတ်မကောင်းဖြစ်နေဟန်အပြည့်ရှိသည်။
သူမ၏သခင်လေးသည် သနားကြင်နာတတ်၍ အရာရာကိုကောင်းသောစိတ်ဖြင့်သာတွေးတောလေ၏။ အိမ်တော်တွင်သခင်လေးရာထူးရှိသော်လည်း အိပ်ဆောင်တော်ကအဆင့်တန်းမြင့်မြင့်ရထားယံုသာ။
မိန်းကလေးရှုံးလောက်အောင်ချောမောလှပသောသခင်လေးကိုမနာလိုပုဒ်မတပ်၍ အနိုင်ကျင့်နှိပ်စက်နေသော သခင်မလေးကိုပြန်လည်တုန့်ပြန်နိုင်စွမ်းမရှိသောကြောင့်သာ သခင်လေးခံစားနေရချိန်ရပ်ကြည့်နေစွမ်းသာတတ်နိုင်လေသည်။
YOU ARE READING
𝖠𝗍𝗍𝖾𝗇𝗍𝗂𝗈𝗇 𝗈𝗇 𝖠𝗍𝗍𝗋𝖺𝖼𝗍𝗂𝗈𝗇 𝗍𝗈 𝖬𝖺𝗅𝖾𝖫𝖾𝖺𝖽(𝘚𝘺𝘴𝘵𝘦𝘮)
Teen FictionSystem : Hossst... ဇာတ်လိုက်ကိုဆွဲဆောင်ဖို့ကို အာရုံစိုက်စမ်းပါ ChenYun : ငါ့အလုပ်ငါလုပ်နေပါတယ်ဟ ဇာတ် လိုက်မရဲ့ထောက်တိုင်ေတွကိုဖြုတ် ေနတယ်လေကွာ အာ... ဗီလိန်ကစွရမ်းချော စွ...