Arc 1.7 လန်ချီဟွား

641 77 4
                                    

ကျောက်ရှင်း - "ရှောင်ဟွား ကိုယ်နဲ့လိုက်နေပါလား..ကိုယ်ရှောင်ဟွားကို‌ေသချာ‌ေလးကျေးဇူးဆပ်‌ချင်လို့"

သေချာလေးဆပ်မှာပေါ့ အော် ကိုယ်ဖိရင်ဖိကျေးဇူးဆပ်ချင်သူကြီး ကျေးဇူးသိတတ်သူကြီးပါလေ.....

ချီဟွား - "ရပါတယ် ကျွန်တော်ကျေးဇူးဆပ်တာခံချင်လို့မဟုတ်ပါဘူး ပြီးတော့ အဲ့လိုလိုက်နေဖို့လဲမသင့်တော်ဘူးထင်လို့ပါ"

ကျောက်ရှင်း - "ဘာလို့မသင့်တော်ရမှာလဲကွာ ကိုယ့်ကိုကိုယ်သေချာမိတိဆက်ပေးမယ်...ကိုယ်ကဟန်ကျောက်ရှင်း တာ့ဟန်တိုင်းပြည်ရဲ့တတိယမြောက်မင်းသား ဟန်ချင်းဝမ်ဘွဲ့ရတစ်ယောက်နော်...ရှောင်ဟွားလေးကယ်တင်လိုက်တာကသာမာန်လူ‌တစ်‌ေယာက္မဟုတ်ဘူး."

ကြွားဝါချက်ကနိုင်းပလပ်စ်ပဲ.....

ရှောင်ဟွား - "ဗျာာ! မင်း..မင်းသား မဟုတ်သေးဘူး..ဝမ်ရယ် တကယ်ကြီးလား ဟို....ဝမ်ကယ်ကိုဂါရဝပြုပါတယ်"

ပြောပြောဆိုဆို မြေပြင်ပေါ်ဒူးထောက်ပြီးအရိုအ‌သ‌ေပးလာသောရှောင်ဟွား။ မဟုတ်သေးပါဘူး သူကအဲ့လိုရိုကျိုးတာကိုလိုချင်လို့ပြောလိုက်တာမဟုတ်ဘူးလေ သူ့ခေါ်တာမငြင်းအောင်နဲနဲအာဏာပြလိုက်ယုံပါ.....

ကျောက်ရှင်း-"ရှောင်ဟွားလေး ထပါ ဘာလုပ်တာလဲ အရိုအသေပေးစရာမလိုပါဘူး ကိုယ့်ကိုလန့်သွားစေဖို့မရည်ရွယ်ပါဘူး ထ ထ"

သူဘဲထိုင်ချချင်လို့တော့မဟုတ်တဲ့အတွက် မူမနေတော့ဘဲချက်ချင်းထိုင်ခုံမှာပြန်ထိုင်လိုကိတယ်။

ကျောက်ရှင်း - "ရှောင်ဟွားအခုနေနေတဲ့အိမ်တော်နဲ့ရှောင်ဟွားအကြောင်းတွေကို ကိုယ်အကုန်စုံစမ်းပြီးပြီ...ရှောင်ဟွားအနေနဲ့အဲ့ဒီအိမ်တော်ကို ဖက်တွယ်နေစရာအကြောင်းလဲမရှိလောက်ဘူးလို့ထင်လို့ပါ..ရှိနေတာလား?"

ချီဟွား - "ကျွန်တော့မွေးအမေရဲ့ကျန်ရစ်ခဲ့တဲ့အိုး(အရိုးပြာအိုး)ကို လန်သခင်ကြိးကမပေးသေးလို့ပါ...မွေးအမေကိုကောင်းကောင်းမွန်မွန်ခေါင်းချစေချင်တာ"

ကျောက်ရှင်း - "ကောင်းပြီ အဲ့တာကိုကိုယ်‌လန်အမတ်စီကနေတောင်းပေးမယ်...အဲ့ဒါဆို‌ေရျာင်ဟွား‌ေလးကိုယ်နဲ့လိုက်နေမလား ကိုယ်ကရှောင်ဟွားကိုအေးအေး ဆေးဆေးနေစေချင်လို့ပ့ မပင်ပန်းဘဲနဲ့လေ"

𝖠𝗍𝗍𝖾𝗇𝗍𝗂𝗈𝗇 𝗈𝗇 𝖠𝗍𝗍𝗋𝖺𝖼𝗍𝗂𝗈𝗇 𝗍𝗈 𝖬𝖺𝗅𝖾𝖫𝖾𝖺𝖽(𝘚𝘺𝘴𝘵𝘦𝘮)Where stories live. Discover now