Pg-8

1.3K 138 16
                                    

{Unicode}

၉နာရီအတိလာကြိုမယ်ဆိုတာကြောင့် အိမ်ရှေ့မှာအသင့်လေးထိုင်စောင့်နေလိုက်တယ်

ဟော ရောက်လာပြီ တကယ်ကွက်တိဘဲ ၉နာရီ
Hoseok Hyungလာကြိုတာဘဲ
Taeလက်ပြနှုတ်ဆက်လိုက်ရင်း လာကြိုတဲ့ကားပေါ်
အခန့်သားတက်သွားလိုက်ရင်း

"Hyung  ကော ဆော့မှာလား ဂိမ်း တူတူဆော့ကြမယ်လေ"

"အချိန်မရှိဘူး ကောင်လေးရ အခုတောင် Jung Kook
အဲ့ကောင်အတင်းကြိုခိုင်းလို့ လာကြိုပေးတာ"

"ဟာ ဟုတ်လား အလုပ်ရှုပ်မှာပေါ့ ကျွန်တော်bus
စီးသွားမယ်လေ"

"အမယ်လေးမလုပ်ပါနဲ့သူသိသွားရင် မိုးမီးလောင်မှာ"

စသလိုလိုနောက်သလိုလိုနဲ့ အတည်ကြီးပြောလာတဲ့
Hoseok စကားကြောင့် အတွေးတွေများရပြန်ပြီ

စကားထပ်မပြောတော့ဘဲ ငြိမ်ငြိမ်လေးသာထိုင်၍
ခေါ်ဆောင်ရာ အိမ်ဆီသို့ လိုက်သွားခဲ့ရသည်

သိပ်တော့မကြာပါဘူး ခဏဘဲမောင်းရတာ

"ကဲရောက်ပြီ သွားတော့"
Tae Hyung တစ်ယောက် ကားထဲမှ အိမ်ကြီးကိုကြည့်လိုက်ကာ

"ဝါးး အကြီးကြီးဘဲ ကျေးဇူးပါနော် လာကြိုပေးလို့"

Hoseok အားနှုတ်ဆက်လိုက်ရင်း ခြံတံခါးရဲ့
Bellကို တီးလိုက်သည် အိမ်ကြီးကတကယ့်ကိုအကြီးကြီးဗျာ

"တီ"ဆိုတဲ့အသံနှင့် အတူပွင့်လာသော တံခါး
"အာ ရောက်ပြီလား ဝင်လေ"
Seoul ကိုတက်လာထဲက သူငယ်ချင်းဆိုလို့ရေရေရာရာမရှိခဲ့ပေ Yoongiနဲ့သာ အချိန်ကုန်နေတာကများသည်အခုလို သူငယ်ချင်းအိမ်လည်း မလည်ဖူးပေ
ပထမဦးဆုံးအတွေ့အကြုံဖြစ်တာကြောင့် အိမ်ကိုဟိုကြည့်ဒီကြည့်စူးစမ်းလိုက်ရင်း ခေါင်းထဲအတွေးကပေါ်လာပြန်တယ်

ငါဒီရောက်တုန်း သူ့အကြောင်းရသလောက်စုံစမ်းသွားမှဘဲ

"ဘာတွေငေးနေတာတုန်း အစ်ကို"

"မဟုတ်ပါဘူး ဒီလောက်ကြီးထဲအိမ်ထဲမရောက်ဖူးလို့"

ရိုးရိုးသားသားဟန်ဆောင်ခြင်းမရှိဘဲပြောလာတဲ့
အစ်ကို့ရဲ့စကားတွေ အခုလိုဖြူစင်တာလေးကို သူသိပ်သဘောကျသည်

My PeachWhere stories live. Discover now