Pg-6

3.5K 216 24
                                    

{Unicode}

အမျှော်လင့်ဆုံးရက်ကိုပြောပါဆို ကျောင်းပိတ်ရက်တွေဘဲဒါပေမဲ့ ဒီနေ့က ကျောင်းပိတ်ရက်မဟုတ်တော့ ကျောင်းပိတ်ရက်မရောက်ခင် တစ်ရက်အလိုပေါ့ ဒါကြောင့်ကျောင်းကိုသွားရအုန်းမှာပေါ့

ထုံးစံအတိုင်း ဂိမ်းဆော့ရတာ သိပ်နှစ်သက်တဲ့
ကောင်လေးကိုYoongiနှိုးရပြန်သည်

"ဟျောင့် ထပါတော့ဟ ကျောင်းတက်ရအုန်းမယ် ငါလည်းမင်းရဲ့အမေကြီးကျနေတာဘဲ မနက်တိုင်းနှိုးနေရတာငါ့အသံလည်းတစ်ရပ်ကွက်လုံးကလူတွေကြားကုန်ပြီ"

အိပ်ရာထဲမှပိစိလေးက ငြီးသံသေးသေးလေးလည်း

"ထပြီ ထပြီ"

ထပြီလို့သာပြောနေတာ အခုထိမျက်လုံးမပွင့်သေးပါ

Yoongiတစ်ယောက် ပညာပေးချင်တာနဲ့ Taehyung ကိုစရန်ကြံလိုက်လေသည်

"ငါသူ့ကိုထားခဲ့ပြီး ကျောင်းသွားချင်ယောင်ဆောင်မှဘဲ အဲ့ဒါမှအဲ့ကောင် ထလာမှာ"

ရုတ်တရက် သူ့ကိုနှိုးနေတဲ့ Yoongiအသံမကြားတော့
ပုံမှန်ဆို သူမနိုးမချင်း Yoongiက နှိုးတက်သည်

မျက်စိလေးကို မနဲအားယူကာဖွင့်လာရင်း
အခန်းထဲရှင်းလင်းနေတော့

"Yoongi ဘယ်မှာလဲ အိမ်သာထဲမှာလား"

နေရာအစုံကိုဝင်ကြည့်တော့ သူမတွေ့

"ဟာ ငါ့ကိုထားခဲ့ပြီထင်တယ် "

ရေမိုးချိုးပြီး အကျီကိုအမြန်လဲကာ Yoongi လမ်းမမှာ
ရှိလောက်မယ်အထင်နဲ့ အပြေး အပြင်ကိုထွက်လာတော့

"ဟာ တကယ် သွားပြီထင်တယ်"

မျက်နှာလေးရှုံမဲ့မဲ့ဖြစ်လာကာ

"တကယ်ကြီး ထားခဲ့တာဘဲ "

ချစ်သူကအသည်းခွဲပြီးထားသွားခံခဲ့ရသလို ကြေကွဲကာအသစ်အကျယ်ကြီးနှင့် အိမ်ရှေ့မှာအော်ဟစ်နေတဲ့Taehyung

သူတို့အိမ်ရှေ့ကားအမဲရောင်တစ်စီးကရပ်လာတော့Jeonရဲ့ကားဖြစ်သည်

"Hyung ဘယ်လိုဖြစ်တာလဲ အသံက ကားထဲကတောင်ကြားရတယ်"

"မင်းက ဘယ်လိုလုပ်ဒီရောက်လာတာလဲ"
"ကျောင်းသွားမလို့လေ အစ်ကိုတို့အိမ်ဒီမှာရှိမှန်းမသိဘူး"

My PeachWhere stories live. Discover now