Pg-22

1.8K 118 36
                                    

{Unicode}

တစ်လကျော်တောင် ကြာပြီဆိုပေမဲ့မောင့်အတွက်တော့ ဘေးမှာမင်းမရှိတော့တဲ့အချိန်ကစလို့ ၁စက္ကန့်တောင် မောင်အဆင်ပြေမနေခဲ့ဘူး။ သိရဲ့လားး ထယ်....ဟင် မောင့်ရဲ့အချစ် ဒါတွေကိုသိရဲ့လား....

မောင့်ရဲ့မသိစိတ်ကရေရွတ်နေတယ်...

"ထယ့်ကိုရှာပါ ထယ့်ကိုရှာပါ"

မောင်ရူးတော့မယ် အချစ်ရေ... အိပ်ပျက်ညတွေလည်းများခဲ့ပြီ။
.
.
.
Yoongi Hyungကလည်းတခြားတက္ကသိုလ်ပြောင်းသွားပြီတဲ့။ ဆိုးလ်ကနေတော့ထွက်မသွားသေးဘူးပြောတယ်။

"ဟေး အဆင်သင့်ဘဲလား"

အိမ်ထဲကိုဝင်လာရင်း ဟိုဆော့ကစကားကိုစပြောလာတော့

"အင်း"

အသက်မပါတဲ့တုန့်ပြန်မှုတွေသာ ပေးနိုင်ခဲ့တယ်။

"မင်းဆံပင်တွေ နှုတ်ခမ်းမွှေးတွေမရိတ်တော့ဘူးလား"

"အင်း စိတ်မပါဘူး"

"ဒီပုံစံနဲ့ကျောင်းသွားတက်မှာလား"

"အင်း"

"အေးပါကွာ သဘော သဘော ငါလိုက်ပို့ပေးမယ်"

"မလိုဘူး လမ်းလျှောက်သွားမှာ"

"ဘာလို့လဲ"

"ဒီအတိုင်းပါဘဲ ကျေးဇူး"

"အဲ့တာဆိုအပြန်တော့လာခဲ့မယ် clubသွားမယ် အပြန်ကျ"

"အင်း သဘော"

စာအုပ်၁အုပ်လောက်သာပါတဲ့ ပျော့ဖတ်နေတဲ့ ကျောပိုးအိတ်ကို ဘေးတစ်စောင်းလွယ်လိုက်ရင်း အစ်ကိုသာရှိသေးရင်ကျိန်းသေပေါက် "ဟာ ကျောင်းသွားတာ စာအုပ်ထည့်ရမှာပေါ့ ၁အုပ်ထဲနဲ့ဘယ်လိုရေးမှာလဲ" ဆိုပြီးဆူအုန်းမှာ မြင်ယောင်နေမိတယ်။

"ဟက်"

ရီမိတယ်။ ဒါ အစ်ကိုမရှိတော့တဲ့နောက်ပိုင်း ပထမဆုံးပြန်လည်ရယ်မောမိခြင်း...
.
.
.
လေးလံတဲ့ခြေလှမ်းတွေက လမ်းမထက်ဝယ်

ရှည်နေတဲ့ဆံပင်တွေရယ် မုတ်ဆိတ်မွှေးရေးရေးတွေကအစ်ကိုမရှိတော့တဲ့နောက်ပိုင်း ပြိုလဲခဲ့ရတဲ့ သက်သေတွေ...

You've reached the end of published parts.

⏰ Last updated: Apr 18, 2022 ⏰

Add this story to your Library to get notified about new parts!

My PeachWhere stories live. Discover now