Pg-21

1.2K 96 32
                                    

{Unicode}

"ဒုတ်..ဒုတ်" "ဒုတ်...ဒုတ်"

အသက်ရှူသံတွေကြားထဲကကျယ်လောင်စွာထွက်ပေါ်နေတဲ့နှလုံးခုန်သံ။ အခုသူ့ခေါင်းထဲမှာရှိနေတာ ဗလာ။ အစ်ကိုငယ်ရဲ့အကြောင်းကလွဲလို့ ကျန်တာဘာမှ မတွေးနိုင်တော့ဘူး။ ဟုတ်တယ်..အစ်ကို ...အစ်ကို ငါ့ကိုလိုအပ်နေပြီ။

နပ်စ်မလေး လမ်းညွှန်ရာအတိုင်း ပြေးတက်လာလိုက်ရင်းအခန်းနံပါတ် ၄၅ ဆီသို့...

"ဝုန်း" ခနဲ အသံနဲ့အတူ အခန်းတံခါးကိုဖွင့်လိုက်တော့
ငိုကြွေးနေတဲ့သူတို့။ Yoongi Hyungကော နောက်ထပ်
အဒေါ်ကြီးတစ်ယောက်နဲ့ဦးလေးကြီးတစ်ယောက်ပါရောက်နေတာ။ Yoongi Hyungလည်းငိုနေတယ်။ ကျန်တဲ့၂ယောက်ကောဘဲ။

"Hyung ကျွန်တော့် ထယ်ရော"

ကွဲအက်နေတဲ့အသံနဲ့အတူYoongi Hyungဆီသို့လှမ်းမေးလိုက်တော့ Hyungက လူနာကုတင်လေးကိုလက်ညှိုးထိုးပြတယ်။ ပိတ်စအဖြူကြီးနဲ့အုပ်ထားတာ။

"ဘာလို့ အဝတ်နဲ့အုပ်ထားတာလဲ ကျွန်တော့်အစ်ကို အသက်ရှူကြပ်နေမှာပေါ့ ဖယ်ပေးဗျာ ကျွန်တော်ကိုယ်တိုင်ဖယ်မယ်"

ကုတင်နားကိုသွားမယ်ကြံတော့ ငိုနေတဲ့ဦးလေးကြီးက သူ့ကိုတွန်းထုတ်ကာ

"မင်းကြောင့် ငါ့သားလေးဒီလိုဖြစ်ရတာမင်းကြောင့် မင်းတစ်လှမ်းရှေ့မတိုးလာနဲ့ ငါ့သားအနားကိုတစ်လှမ်းမှမတိုးလာနဲ့"

ဒါဆို ထိုအဒေါ်နဲ့ဦးလေးကြီးက အစ်ကိုငယ်ရဲ့မိဘတွေပေါ့။

"ဦးလေး ကျွန်တော်တောင်းပန်ပါတယ် ဘယ်လိုမှမဖြစ်နိုင်ဘူး ထယ်နဲ့ကျွန်တော် ပြောစရာတွေအများကြီးကျန်သေးတယ် "

"ငါ့သားလေး သေပြီကွ သေပြီ အဲ့တာမင်းနဲ့ပတ်သက်လို့ဘဲမင်းနဲ့သာမတွေ့ခဲ့ရင် ဒါတွေတစ်ခုမှဖြစ်လာမှာမဟုတ်ဘူး"

မငိုနိုင်တော့တဲ့မျက်ဝန်းတွေက Yoongi Hyungဆီအားကိုးတကြီးနှင့်...

"Hyung ပြောပါအုန်း ထယ် အသက်မရှိတော့ဘူးဆိုတာမဟုတ်ဘူးမလား ဟမ် မသေသေးဘူးမလားလို့"

"ငါ့သူငယ်ချင်း အသက်မရှိတော့ဘူး ဂျောင်ကု"

"ကျစ် မဟုတ်တာဗျာ"

My PeachWhere stories live. Discover now