Pg-7

1.3K 129 24
                                    

{Unicode}

"ဟာ ဟုတ်သားဘဲ ငါသူ့အိမ်လိုက်သွားမှာဆိုတော့
သူ့အကြောင်းစုံစမ်းလို့ရပြီ"

"ဟုတ်တော့ဟုတ်ပေမဲ့ ဘယ်လိုစုံစမ်းမှာလဲ မိရင်မလွယ်ဘူးနော်"

"ငါ့မှာအကြံရှိပါတယ်ကွ"

"အေးကွာ ပြီးရော ဒီနေ့အလုပ်မရှိဘူးမလား အိမ်ပြန်ရောက်တာနဲ့ ကုတင်ပေါ်တက်ပြီး နားပြီဘဲ"

.
.
.

ပျင်းရိ့စရာကောင်းတဲ့စာသင်ချိန်တွေကိုစိတ်ရှည်ရှည်နဲ့ဖြတ်သန်းခဲ့ရင်း နောက်ဆုံးတော့ ကျောင်းဆင်းပါပြီ

ကျောင်းထွက်ပေါက်မှာ ရပ်နေတဲ့ Jeon

Tae Hyung တစ်ယောက် လက်ပြနှုတ်ဆက်လိုက်ရင်း

"မပြန်သေးဘူးလား ကောင်လေး"
"အစ်ကိုတို့ လမ်းကြုံလိုက်အုန်းမလားလို့ ကျွန်တော့်အိမ်ကိုရောက်ဖို့ကအစ်ကိုတို့အိမ်ရှေ့ကနေ ဖြတ်ရတာမို့"

လမ်းကြုံလိုက်မလားဆိုတဲ့အမေးကြောင့် Yoongiက
"လိုက်မှာပေါ့ "
"ဟာ အားနာစရာကြီး မနက်ကလည်းမင်းထားခဲ့လို ငါသူနဲ့လိုက်သွားရတာ "
"ငါပုန်းနေတာ မထားခဲ့ပါဘူးဆို"
မျက်စောင်းအကြီးကြီး Yoongi အားထိုးလိုက်ပြီးမှ

"ရပါတယ် ကိုယ့်ဘာသာပြန်ပါ "
"ဟာ busဖိုးသက်သာလည်းနည်းလား Kim Tae Hyung ရဲ့ ချွေတာရမယ်လေ"

"ဟုတ်တော့ဟုတ်ပါတယ် ဒါပေမဲ့"
"လာပါ စဉ်းစားမနေနဲ့တော့ ခေါ်တဲ့သူကတောင် အရင်မပြန်ဘဲ မင်းကိုကျောင်းပေါက်ဝမှာရပ်စောင့်နေတာကို"
Yoongiအပြောကြောင့်Jeonက

"အဟမ်း စောင့်နေတယ်လို့လည်းမဟုတ်ပါဘူး လမ်းကြုံလို့ပါ"

"အေးပါကွာ လမ်းကြုံလို့ လမ်းကြုံလို့ "

သူငယ်ချင်းအားအရောက်ပို့နေသည့် Yoongiအား Tae Hyungက

"စကားကိုများတယ် လာသွားမယ် ချွေတာရမယ်ဆိုတော့လည်း လိုက်သွားကြတာပေါ့ "

.
.
.
ကားအရှေ့ခန်းမှ Hoseok 

Jeonတစ်ယောက်အရင်ကဆိုနောက်မှာဘဲထိုင်တာပါ

ဒီနေ့မှ ကားခေါင်းခန်းထဲလာထိုင်တော့ ဘာလို့လည်းလို့မမေးခင်ကားထဲသို့ဝင်လာတဲ့ Tae Hyung နှင့် Yoongi ကြောင့် သဘောပေါက်မိလိုက်သည်

My PeachWhere stories live. Discover now