Unicodeအထက်တန်းကိုတော့ နယ်ကကျောင်းမှာပဲ
ပြီးသွားတော့ ပိုပျော်စရာကောင်းတဲ့ uni
student ဘဝလေးရမယ်ထင်ခဲ့ပေမယ့်..
သူ့အတွေးထဲကလိုတော့သာမန်ပဲ ဟုတ်မနေပဲ
ဦး က သူနဲ့အတူဆိုးလ်ကိုခေါ်သွားကာ
Seoul National Uni မှာတတ်စေချင်
ခဲ့တယ်။
Mrs.Jessica ကလဲလုံးဝထောက်ခံခဲ့တာမို့
အထက်တန်းအောင်လက်မှတ် အမှတ်စာရင်း
တွေအားလုံး ဦးကိုပေးကာ ကျောင်းအပ်စေ
ခဲ့သည်။
ဦး က အားလုံးလုပ်ပေးထားခဲ့ပြီမို့
သူကရောက်တာနဲ့ကျောင်းတတ်ရုံသာ..။ဒါက သူ့အတွက်ပိုပြီးခက်ခဲစေတာအမှန်။
ဆိုးလ် ကိုအခုမှပြန်ပြီခြေချရမယ့်သူက
ကိုရီးယားတစ်နိုင်ငံလုံးမှာထိပ်တန်းစားရင်းဝင်
ကျောင်းသားဦးရေ မနည်းများတဲ့ Seoul
National Uni မှာ ကျောင်းစစတတ်ရမယ်တဲ့
ခံစားချတ်ကသူ့အတွက်လုံးဝ အစိမ်းသပ်သပ်ကြီးဖြစ်နေခဲ့ရတယ်။သူ အနည်းငယ်စိုးရိမ်ကြီးစွာကြောက်နေမိတယ်။
===================
အဝေးပြေးလမ်းအတိုင်းမနားပဲမောင်းလာ
တော့ 5 နာရီကျော်သာမောင်းခဲ့ရပြီးနောက်
ဆိုးလ် မြို့အဝင်ကိုရောက်လာခဲ့တယ်။
ထွက်လာချ်ိန်က နေ့လည်မှမို့ ခုအချိန်က ညနေ
၅ နာရီထိုးလု ထိုးခင်။မြို့ထဲဝင်လိုက်တာနဲ့ မြင်ရတဲ့
မြို့ပြရဲ့မီးတိုင်တွေအောက်ကအရာတွေက
သူ့စိတ်ကိုရှုပ်ထွေးစေတာတော့အမှန်...
ကြီးပြင်းလာခဲ့ရတဲ့ နယ်လေးနဲ့တော့ကွာတယ်။
သူလဲပဲ 6 နှစ်အထိနေခဲ့ဖူးတဲ့မြို့ဆိုပေမယ့်
အရမ်းငယ်လွန်းခဲ့တဲ့အရွှယ်မှတ်လား။
ကြီးပြင်းလာခဲ့ရတဲ့ နယ်မြို့လေးကိုသာ
ပိုခင်တွယ်မိတယ်။ပြီးတော့ မြို့ပြဆိုတာ မာယာများတယ်။
လူတွေက လှည့်စားတတ်တယ်။ လိမ်လည်ကာ
ပေါင်းသင်းဆက်ဆံတတ်တယ် ဒီလိုတွေ
ကြောင့် သူခြေမချခင်ထဲကစိတ်ကုန်နေရပြီ။မြို့ထဲက နေရာတွေတစ်ခုပြီးတစ်ခုကိုဖြတ်
ကာ မောင်းရင်းမောင်းရင်း နဲ့ ဦးက သူ
နေတဲ့ရပ်ကွက်ထဲရောက်ပြီ ဟုပြောလာတာမို့
ပတ်ဝန်းကျင်ကို စပ်စုဖို့ခေါင်းဆန့်လိုက်တော့
ခုဏဖြတ်လာခဲ့ရတဲ့ ကားလမ်းမနဲ့တော့ကွာတာ
အမှန်။