[[ Unicode ]]
ကျောင်းကပြန်ရောက်တော့ မှောင်ခါနီးနေပြီမို့
တခါတည်းရေချိုးလိုက်တယ်။ ဘာမှတောင်မလုပ်ရသေးပဲ နာရီက ည၇နာရီထိုးနေပြီ။
၅ နာရီ အချိန်ပိုရှိတဲ့နေ့တွေဆို ဒီလိုပါပဲ
အိမ်ပြန်ရောက်တာနဲ့ကို မိုးကတန်းချုပ်ပြီး
မှောင်လာတော့တာ။Chaeyoung လဲ ထမင်းစားဖို့ ဦးလဲ
စောင့်နေမှာပဲဆိုးပဲ အပြေးတပိုင်းနဲ့ ထမင်းစား
ခန်းဆီ ပြေးလာလိုက်တယ်။သူထင်နေသလိုမဟုတ်ပဲ အောက်တထပ်လုံးက
တိတ်ဆိတ်နေတယ်။
ဧည်းခန်းထဲလဲ ငြိမ်နေပြီးတော့ ထမင်းစားခန်းမှာ
လဲ လေထုကသာကြီးစိုးထားတယ်။
ညကမှောင်နေပြီမို့ တိတ်ဆိတ်မှုကအနည်းငယ်
တော့စိတ်ကိုခြောက်လှန့်သွားတယ်။ဦး ပြန်မရောက်သေးတာနေမယ် ဆိုပြီး
ထမင်းစားခန်းထဲဝင်ကာ ပြင်ဆင်စရာရှိတာ
ပြင်ဆင်ပေးဦးမယ်ဆိုတော့လဲ စားပွဲပေါ်မှာက
အစုံ ပဲ ထမင်းအဆင်သင့်ထိုင်စာရုံသာ။ဒါဆို အဒေါ်ကြီးကဘယ်ရောက်သွားတာလဲ?အခြေနေကနည်းနည်းစဉ်းစားစရာဖြစ်လာပြီး
သူ ရေခဲသေတ္တာထဲကရေတဗူးယူကာ မော့သောက်နေလိုက်တယ်။ ရေခဲရေဘူး အေအးက
လည်ချောင်းထဲတော့ ခဏအေးဆင်းသွားတာပဲ။သို့သော် မကြာလိုက် ရေဘူးကိုထည့်ပြီးဒီဘက်
ပြန်လှည့်လာတော့ အခန်းဝမှာလက်ပိုက်ကာ
မျက်နှာတည်ကြီးနဲ့ သူ့ကိုရပ်ကြည့်နေတဲ့လူကြောင့် လန့်လို့တကိုယ်လုံးတုန်သွားတဲ့အပြင် ပါးစပ်ကပါ
" oh sh*t လန့်လိုက်တာ " ဆိုပြီးဆဲမိ
သွားသေးတယ်။သူက အသက်ကိုမနည်းပုံမှန်ပြန်ရှုနေပြီး
တံတွေးမြိုချလိုက်တော့ သူခဏတင်ရေခဲရေ
သောက်လိုက်ပေမယ့် နှုတ်ခမ်းတခုလုံးကခြောက်
ကပ်နေပြီး လည်ချောင်းတွေပါခြောက်လာတယ်။သူ ဘာပြောရမှာလဲ နှုတ်ဆက်ရမှာလား
ဘာလုပ်နေတာလဲ မေးရမှာလား လူကိုလန့်အောင်လုပ်လို့ ဆဲရမွာလား သူဘာလုပ်ရမှန်းမသိ
ရပ်နေမိတုန်း Mina က အသံတိတ်သူ့ရှေ့တည့်
တည့်ကိုလျှောက်လာတယ်။သူက ကြံရာမရနေရာကနေ ခေါင်းမော့ကြည့်တော့ ဟို အမျိုးသမီးက သူ့ရှေ့တည့်တည့်ရောက်နေတော့ နောက်တခေါက်လန့်ပြီ အော်
လိုက္ကာ ခန္ဓာကိုယ်က ရေခဲသေတ္တာဆီပြေးကပ်သွားတယ်။