Unicode"ကောင်းကောင်းနေခဲ့ကြပါရှင့်... "
" စိတ်ချပါ..သမီးသာ ဦး ကို
စိတ်ပျတ်အောင်မလုပ်ရဘူးနော် ""ဟုတ်။လိမ္မာအောင်နေပါ့မယ် "
သံယောဇဥ်ဖြစ်နေကြတဲ့လူတွေအတွက် ခွဲခွာခြင်းဟာ ကောင်းမွန်တဲ့ခွဲခွာခြင်းပင်ဖြစ်ပါစေဦးတော့ နှုတ်ဆက်ချိန်မှာစိတ်မကောင်းဖြစ်ကြရတာအမှန်။
တွေ့ဆုံပြီးရင် ခွဲခွာကြရမှာဓမ္မတာပဲလေ။ ကံကြမ္မာကစီမံပေးထားတဲ့ နေရာသစ်တစ်ခု
မှာထပ်ပြီးပုံစံတစ်ခုနဲ့ ဖြစ်တည်ရဦးမှာပါပဲလေ...နောက်ဆုံးနေဝင်ချိန်မရောက်ခင်ထိပေါ့..။ဂေဟာထဲကနေ သိပ်မကြီးတဲ့
ခရီးဆောင်အိတ်တစ်လုံးကိုဆွဲကာ
ထွက်လာခဲ့ရသော်လဲ သူမရဲ့
ခြေလှမ်းတွေသိပ်ကိုလေးလံနေတယ်။
လည်ပြန်ကာ လှည့်ကြည့်လှည့်ကြည့်နဲ့
ခြေလှမ်းတွေက ရှေ့ကိုမနည်းအားယူပြီး
သာသွားနေရတယ် အမှန်တော့ ဒီနေရာလေး
ကနေဘယ်ကိုမှမသွားချင်...
ဒီ အသိုက်မြုံလေးထဲမှာပဲ
သူလိုချင်တဲ့နွေးထွေးမှုတွေ ကြင်နာမှုတွေနဲ့
တစ်သက်လုံးအတူနေသွားရလိမ့်မယ်လို့ပဲ
သူတစ်ချိန်လုံးတွေးထားခဲ့တာ...ဘာလို့များ ကံကြမ္မာကသူ့ကျမှ
ဒီလောက်ရက်စက်နေရတာပါလဲ...
ချစ်ရသူတွေနဲ့ခွဲတယ်။
သံယောဇဥ်ဖြစ်နေရသူတွေရဲ့
အဝေးကိုလဲပို့ပြန်တယ်။တကယ်ပါ သူမ ဘဝကနေကြည့်ရင်
သေချင်စရာတွေချည်းပါပဲ...။သူမ အပေါ် ဟိုးငယ်ငယ်လေးထဲက
ပြောရရင်သူဒီဂေဟာကိုစရောက်ထဲက
ကျောင်းစရိတ် စားစရိတ် အစစအရာရာ
လာရောက်ထောက်ပံ့ပေးနေသော ဦး
တစ်ယောက်ရှိခဲ့သည်။သူမ အသက်6နှစ်
ဂေဟာကိုစရောက်တဲ့နေ့
ဦးက အဲ့နေ့ကဂေဟာမှာ
အလှူလုပ်နေတာတဲ့လေ။
Mrs.Jessica က သူ့လက်လေးကို
ကိုင်ပြီး ဂေဟာထဲဝင်လာတာတွေ့တော့
ဦးက အပြေးရောက်လာပြီး သူ့ကိုကြိုတယ်။အကြင်နာဆုံးပြုံးပြပြီး ကမ်းလိုက်တဲ့
ဦးရဲ့လက်တွေက နွေးထွေးမှုအပြည့်။
သူ့လက်သေးသေးလေးကို
အပြည့်ဝဆုပ်ကိုင်ထားလိုက်တာများ
သူ့လက်ချောင်းလေးတွေ
လက်အကြီးကြီးကြားမှာ
မြှပ်ပြီးပျောက်သွားရတယ်။