Unicode
ဦး က လူပျိုတစ်ယောက်ဟုတ်မနေခဲ့ပါ။
ဒါတွေကို ဦး ပြောပြလို့သိခဲ့ရတယ်။
အကြောင်းစုံပြောပြခဲ့တာမျိုးမဟုတ်ပေမယ့်
ဦး ရဲ့သမီးလေးလဲ သမီးလောက်နီးနီးလေး
လိမ္မာခဲ့မယ်ဆိုရင် ဦး လဲပိုပြီးအသက်ရှည်လိမ့်
မယ် ဟု ရယ်မောပြီးပြောရင်းကနေ ဦး မှာ
သမီး တစ်ယောက်ရှိနေတာ သူသိခဲ့ရတယ်။ဒါဆို အမျိုးသမီးကရောဟု မေးမိလိုက်တော့
ဦး က သက်ပြင်းချလိုက်ကာပြုံးရင်း ပြောလာတယ်... ကွာရှင်း ခဲ့တာ ၁၃ နှစ်ကျော်ပြီတဲ့။
သမီး အသက် ၁၀ နှစ်မှာပေါ့။ဒါဆို သမီးကအသက်ဘယ်လောက်လဲဆိုတော့
23 နှစ်ပြည့်ခဲ့ပြီတဲ့။
သူ့ထက် 3 နှစ်အရွှယ်ကြီးနေခဲ့သည်။
ကြားဖူးခဲ့တာတော့ ဆိုးတယ်မလိမ္မာဘူး ဆိုရုံ
ပဲ ဆိုပေမယ့် မျက်စိရှေ့သေချာမြင်ခဲ့ရတော့
လန့်လွန်းလို့ ဆိုးလိုက်တာလက်ဖျားပါခါရတယ်။ကွာရှင်းပြီးထဲက သူ့အမေရဲ့ဇာတိ NewYork
ကို ပြန်လိုက်သွားခဲ့တာ အသက် ၁၃ နှစ်မှ
သူ့ဆီပြန်လာခဲ့တယ်ပြောတယ်။ ငယ်တုန်းမို့ အမိ နဲ့အဖ စုံစုံလင်လင်နေရမှာကို ကွာရှင်းခဲ့ရတာကြောင့် ကလေးကိုအားနာပြီး ဟိုတစ်လှည့်
ဒီတစ်လှည့် လိုက်နေခွင့်ပြုထားခဲ့တာက
ကြာလာတော့ အဲ့တာက အဆင်မပြေတော့ပါ။
သမီး က သူ့ Mommy ဆီကနေပြန်လာတိုင်း
ပိုပို အရွှယ်ရောက်လာသလို ပိုပြီးမိန်းမဆန်
လာတာကို Daddy မကြိုက်။သူ့ အမေ ဗီဇတွေရလာတာလားဟု တွေးမိတော့
အကျင့်စာရိတ္တတစ်စက်မှမကောင်းပဲ အချစ်ကို
သူကြိုက်တဲ့ ဝိုက်တစ်ခွက်သာသာ သာသဘော
ထားတဲ့ အပေါစားမိန်းမကိုတွေးမိလိုက်တိုင်း
သူ့ သမီးလေကိုသူ့နည်းတူဖြစ်သွားမှာစိုးရိမ်
ခဲ့၍ လိုတာထက်ပိုချုပ်ခဲ့မိတယ်။သားသမီးဆိုတာ ဖိလေလေကြွလေပဲလေ။
ဒီတော့ ဒီထိန်းချုပ်မှုတွေကိုမကြိုက်တဲ့သူက
သူ့အမေငယ်ငယ်ကနည်းတူနေပြီး အပေါင်းသင်း
တွေနဲ့သာ အချိန်ဖြုန်းရင်း အဖေ့မေတ္တာတွေကို
နားမလည်ခဲ့ပါ။သားအဖ ကြားပြသာနာက ဒါပါပဲ...
အမေ့ ဆီရောက်တော့ အမေ့ရဲ့ပတ်ဝန်းကျင်မှာ
ကြီးပြင်းရတယ်။ လူဆိုတာ လွတ်လွတ်လပ်လပ်
ပျံသန်းရတာကိုကြိုက်တာ သဘာဝပဲလေ။
ဒီတော့ Daddy ထိန်းချုပ်မှုတွေထက်
Mommy ပုံစံကိုကြိုက်တာမို့ Mommy နည်း
တူဖြစ်ခဲ့ရသည်။ Mommy ကိုသိပ်စိတ်နာတဲ့
Daddy ကလဲ လုံးဝသဘောမကျတာမို့ သူနဲ့မျက်နှာချင်းဆိုင်၍မရအောင်ကိုပင် လုံးဝ
လွှတ်ထွက်နေတဲ့ လူဆိုးမလေးတစ်ယောက်ဖြစ်
ခဲ့ရတယ်။