Ep ----- 5

17 2 0
                                    

[[ Unicode] ]

အခန်းကျယ်ကြီးတစ်ခန်းထဲ လူနှစ်ယောက်ရဲ့
ရမ္မက်ဆန်စွာ မောဟိုက်နေတဲ့အသံတွေ
ပျံ့လွှင့်နေတယ်။

အဝတ်စားတွေက ကြမ်းပြင်ပေါ်မှာပုံနေပြီး
အခန်းမီးရောင်ကလဲ မှိန်ပြပြသာ။

အခန်းမီးမှောင်နေတာထက် အိပ်ယာပေါ်မှာ
ရောယှက်နေတဲ့ လူနှစ်ယောက်ရဲ့ခန္ဓာကိုယ်နဲ့
အဲ့ ခန္ဓာပိုင်ရှင်တွေရဲ့စိတ်တွေကပိုအမှောင်ကျ
နေတယ်။
ဘာက်ိုမှလဲ မသိ ဘာကိုမှလဲမမြင်တော့ပဲ
စိတ်ရဲ့အလိုကိုလိုက်တာ ပျော်ရွှင်မှုကို တစ်ဦး
ထံ မှ တစ်ဦးရှာဖွေနေကြတယ်။

ဒီလိုနဲ့ သိပ်ပင်ပန်းလာတဲ့အဆုံးမှ တဏှာစိတ်
တွေကို မနည်းရပ်တန့်ပစ်လိုက်ရပြီး ချွေးရွဲ
နေတဲ့ ခန္ဓာကိုယ်နှစ်ခုက ကုတင်ထက်မှာငြိမ်ငြိမ်
လေး လှဲနေကြပြီးး အသက်ကိုမနည်းရှုနေကြတယ်။

" ပင်ပန်နေပြီလား Chewy "

Mina က ချွေးရွဲနေတဲ့ Tzuyu ရဲ့ ခန္ဓာကိုယ်
လေးကိုသိမ်းကျုံးပြီးဖတ်ကာ ရင်ခွင်ထဲထည့်
ထားလိုက်တယ်။

" ဟင့်အင်း...မ ကျေနပ်တယ်မှတ်လား "

ရင်ခွင်ထဲကနေ သူ့ကိုမော့ကြည့်ရင်း
ဖြေလာပြီး ပါးချိုင့်သေးသေးလေးကိုပေါ်နေ
အောင်ပြုံးပြတော့ Mina ရင်ထဲ လိပ်ပြာတွေ
ပျံဝဲလာသလို အူတွေအသည်းတွေယားလာကာ

နှာခေါင်းလေးရှုံ့ပြနေတဲ့ Tzuyu ကိုငုံ့ပြီး
အနမ်းတစ်ပွင့်ခြွေလိုက်တယ်။

" ချစ်ဖို့ကောင်းလိုက်တာ "

" heex2 "

ဘာကိုမှမတွေးတော့ပဲ သူ့စိတ်ကိုအလိုလိုက်ပြီး
သူ့အတွက်ပျော်ရွှင်မှုပေးနိုင်တဲ့ ဒီနိဗ္ဗာန်လေးမှာ
Mina မျက်စိစုံမှိတ်ကာငြိမ်ငြိမ်လေး စံစားနေ
လိုက်တယ်။

" ကိစ္စတစ်ခုခုရှိနေတာလား ဒီရက်ပိုင်း "

Tzuyu ကသူ့လက်ချောင်းတွေကိုဆော့ရင်း
မေးလာတော့ သူမျက်စိစုံမှိတ်ထားတာကိုဖွင့်
ကြည့်လိုက်တယ်။

" သိပ်စိတ်မပါသလိုပဲ Chewy ပေါ်။ "

သူ အရင်ထဲကဒီီလိုပါပဲ လိုတာရှိမှလူတွေကို
ခေါ်တတ်သလို Tzuyu ကိုလဲလိုအပ်နေမှ
နွေးထွေးပေးပြီး သူအလိုရှိဆုံးအချိန်မှသာ
Tzuyu ဟာသူ့အပိုင်ဆိုတဲ့ပုံစံကိုပဲပြတယ်။
ပုံမှန်ဆို အေးတိအေးစက်နေပြီး ဘာကိုမှစိတ်
ပါသလို ပေါ့ပေါ့တန်တန်နဲ့ပဲနေတယ်။Tzuyu
ကသာ သူ့မျက်နှာအခြေနေကိုကြည့်ပြီး လိုက်ရောနေရတယ်။သူ့ဘက်က ဒီလိုကိစ္စမျိုးမှသာ
စတတ်ပြီး ကျန်တဲ့အချိန်တွေဆို Tzuyu လာ
ခေါ်မှသာ တုန့်ပြန်တတ်တယ်။

My Lady,But don't mine.Where stories live. Discover now