Ep ---- 4

29 3 0
                                    

Unicode

သူ့အတွက် ၁ရက်ပဲပြင်ဆင်ချိန်ရခဲ့တယ်။
အိမ်ကိုစရောက်ပြီး နောက်နေ့မှာကျောင်းအတွက်
လိုအပ်တာတွေ ဦး နဲ့အတူတူသွားဝယ်ခဲ့ပြီးး
ဒီနေ့ကတော့ ကျောင်းစ စတတ်ရတော့မည့်
သူ့အတွက် first day of uni ပေါ့....

စာသင်နှစ် တစ်ဝက်ရောက်ခါနီးမှ သူကတတ်ဖို့
ဖြစ်လာတာမို့ ပိုစိတ်လှုပ်ရှားနေ..ကျောင်းသူ
အသစ် ဖြစ်တာမို့ သူပိုပြီးအာရုံစိုက်ခံရမယ်။
ပိုပြီး အကြည့်ခံရမှာတွေကိုတွေးမိရင်း နယ်ကိုသာပြန်ပြေးချင်နေမိသော်လည်း ဦး ကိုအားနာရတာမို့ ဦး
စီစဥ်ပေးသမျှအားလုံးကို ပုတ်သင်ညိုလေးသာလုပ်ခဲ့ရတယ်။

ဦးက ကျောင်းအဆင်သင့်တတ်ဖို့အားလုံး
ပြင်ဆင်ပေးထားတော့ သူ့အတွက်သာသူပြင်
ဆင်ခဲ့ရပေမယ့်...စိတ်ကလှုပ်ရှားနေတာမို့
ခုထိ စိတ်တိုင်းမကျသေး တစ်ခုခုလိုအပ်နေ
တယ်လို့သာခံစားရင်းပဲ စိတ်ထဲမတင်မကျဖြစ်
နေသေးတယ်။

အိမ်ပေါ်ကနေ ပြင်ဆင်ပြီး ဆင်းလာတော့
ဦး က ထမင်းစားခန်းထဲမှာ မိန့်မိန့်ကြီးထိုင်
နေကာ ပြုံးပြနေလို့...

" Morning Chae "

" ဟုတ် Morning ဦး "

အဒေါ်ကြီးကလဲ ပြုံးပြနေတာမို့ သူခေါင်းလေးညိမ့်ကာ ပြန်ပြုံးပြပြီး ခပ်မြန်မြန်ဝင်ထိုင်လိုက်တယ်။

ဦး ကထိုင်စောင့်နေခဲ့တာသိတာမို့
သူမြန်မြန်ပဲဝင်ထိုင်ကာ ဦးကိုကော်ဖီငှဲ့ပေးလိုက်ပြီး သူ့ရှေ့ကခွက်ထဲမှာတော့ အဆင်သင့်ရှိပြီး
သား နွားနို့ကိုတစ်ကျိုင့်မော့သောက်လိုက်တယ်။

" ဘယ်လိုလဲ စိတ်လှုပ်ရှားနေလား? "

" ဟုတ်..နည်းနည်း "

ဆံပင်တွေကိုနားရွက်နောက်သို့သပ်လိုက်ရင်း
ခေါင်းလေးငုံ့ကာ ရယ်ကျဲကျဲနဲ့ပြန်ဖြေတော့
ဦး က အားရပါးရရီလိုက်တယ်။

" ဘာမှမဖြစ်ပါဘူး...သမီးရယ် အေးဆေးပေါ့ "

" ဟုတ် "

ဒီလိုနဲ့ စကားစရပ်ပြီး ခဏငြိမ်သွားတော့
သူက ခေါင်းကိုဟိုလှည့်ဒီလှည့်နဲ့တခုခုကို
ရှာနေသလိုကြည့်နေတယ်။

My Lady,But don't mine.Where stories live. Discover now