Chapter 2

5.4K 361 21
                                    

ငါ့ပြောထားတာတွေကို ကြည့်ရင် အရန်ဇာတ်ကောင်တစ်ယောက်ဖြစ်ဖို့က ဘယ်လောက်ထိ ခက်ခဲလဲဆိုတာ မင်းတို့နားလည်နိုင်လိမိ့မယ်လို့ ငါထင်တယ်။ ဒါပေါ့။ ပြဿနာတွေက ဒါတွေထင်မကဘူး။ ဒါပေမယ့် ခုတော့ ဒီအကြောင်းတွေ မပြောပဲနေကြရအောင်။ သေချာတာက ဇာတ်ကောင်တွေအားလုံးက ဇာတ်ကြောင်းအတိုင်းပဲ လိုက်လုပ်ရမယ်ဆိုတာ သိကြမှာပဲ။  မင်းအနေနဲ့ ကောင်းမွန်တဲ့ ကာရိုက်တာဆက်တင်ရဖို့ ဘယ်လောက်အရေးပါလဲဆိုတာ အခုနားလည်ပြီလို့ ယူဆတယ်။ အရေးကြီးဆုံးက ပေကျင်းနိုင်ငံသားလက်မှတ်လို ဇာတ်လိုက်ရောင်ဝါရဖို့က အရေးကြီးဆုံးဆိုတာကိုရောပေါ့။ ဒီစကားကိုတော့ မင်းတို့ နောက်ဖြည်းဖြည်းချင်းနားလည်လာမှာပါ။ ဝတ္ထုကမ္ဘာထဲမှာဆိုရင် ဇာတ်ကောင်တွေအားလုံးနဲ့ အရင်းအမြစ်တွေ အားလုံးက ဇာတ်လိုက်ဆီမှာ အသုံးတော်ခံဖို့အတွက်ပဲ။ ဘယ်လောက်အထိ အသုံးခံရမလဲဆိုတာကတော့ စာရေးသူဟာ ဘယ်လောက်ထိ မိခင်ရင်းပီသလဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျတယ်။ မိခင်ရင်းစာရေးသူရဲ့ နှစ်သက်တာခံရတဲ့ ဇာတ်ကောင်တစ်ကောင်က မိထွေးစာရေးသူရဲ့ ဇာတ်ကောင်နဲ့ ဘယ်လိုမှ ယှဉ်ကြည့်လို့မရဘူး။ အထူးသဖြင့် ဇာတ်ကောင်က ဘယ်လို ဇာတ်သိမ်းမျိုးနဲ့ ကြုံရလဲဆိုတာမျိုးပေါ့။ ဒီလို နောက်ခံတောင့်ဖို့ကလည်း အရေးပါတယ်။

အခု နောက်ခံသမိုင်းကြောင်းတွေပြောပြီးပြီဆိုတော့ ငါရဲ့ ဘဝအကြောင်းကို ဆက်တာပေါ့။

ငါပြောခဲ့သလိုပဲ။ ဒါက ဝိညာဉ်ကူးပြောင်းလာတဲ့ ကျင့်ကြံခြင်း ဝတ္ထုတစ်ပုဒ်။ ဒီတော့ ဒီကမ္ဘာရဲ့ အဓိကဇာတ်လိုက်ကလည်း သေချာပေါက်ကို ဝိညာဉ်ကူးပြောင်းလာတာပဲပေါ့။ တခြားဝတ္ထုတွေက ဇာတ်လိုက်ပေါင်းသောင်းခြေက်ထောင်လိုပဲ၊ ငါတို့ရဲ့ ဇာတ်လိုက်ကလည်း တကယ့်ကို စိတ်ပျက်အံ့ဩစရာ သေခြင်းမျိုးနဲ့သေခဲ့ရပြီး စာရေးသးရဲ့ ပေါက်ပေါက်ရှာရှာ စိတ်ကူးအတိုင်း ဒီကမ္ဘာမှာ ရှင်သန်ရမယ့် အခွင့်အရေးရတယ်။ ဇာတ်လမ်းအစက ဒီလို။
ဇာတ်လိုက်ကလေ၊ ဘယ်လိုသေသွားလဲဆိုတော့၊ တစ်ရက် သူက ရထားစီးလာတာ။ ရထားက လမ်းမှာ မြေပြိုပြီး ရပ်သွားတယ်။ ရထားရပ်သွားတဲ့အချိန်မှာ ဘယ်လို အကြောင်းမှန်းမသိ၊ ရထားတံခါးတွေက ထူးထူးဆန်းဆန်းပွင့်သွားတယ်။ ငါတို့ရဲ့ ဦးနှောက်မရှိတဲ့ ဇာတ်လိုက်ကလည်း ရထားဘူတာကို ရောက်ပြီထင်ပြီး ရထားပေါ်ကဆင်းလိုက်တယ်လေ။ ဖြစ်ချင်တော့ ရထားက မြစ်ကူးတံတားတစ်ခုအပေါ်မှာ ရပ်နေတာ။ ဇဋတ်လိုက်ကလည်း အဲ့ဒါကိုမသိဘူး။ ဒီတော့ ဇာတ်လိုက်အနေနဲ့ လေထဲ ဒိုင်ဗင်ထိုးပြီး မြစ်ထဲကျသွားတာပေါ့။ အံ့ဩစရာမကောင်းစွာနဲ့ အကျမတော်ဖြစ်ပြီး ငါတို့ကမ္ဘာဆီ ဝိညာဉ်ကူးပြောင်းလာရတာပဲ။

အရန်ဇာတ်ကောင်တစ်ယောက်၏အသက်ရှင်သန်ခြင်းနည်းလမ်းပေါင်းချုပ်(complete)Where stories live. Discover now