Chapter 11

1.3K 200 9
                                    

ဒီလိုနဲ့ အဆုံးမှာတော့ ငါ ဇဝေဇဝါဖြစ်နေတုန်း ကျုကျွယ်က ငါ့ကို မြို့တစ်မြို့ဆီ ဆွဲခေါ်သွားတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ လမ်းမှာ အမျိုးသမီးတွေတယောက်မှ ဘာစကားမှမပြောကြဘူး။ ပြောရရင် ဒီအမျိုးသမီးတွေလည်း ခက်ခဲခဲ့မှာပဲ။  သူတို့တွေအနေနဲ့ အလှပန်းအိုးလို ဇာတ်ရုပ်မျိုးပဲ သရုပ်ဆောင်ရတာလေ။ တစ်ချို့ဖြတ်လျှောက်အမျိုးသမီးတွေဆို တစ်ခါပဲပေါ်လာပြီး နောက်တော့မှ ဇာတ်ကြောင်းမှာဖော်ပြမခံရတော့ဘူး။  နှိုင်းယှဉ်ကြည့်မယ်ဆို ချိုးယွီလို ဇာတ်ကောင်မှာတောင် သိသာထင်ရှားသော ဇာတ်ကွက်တွေရှိသေးတယ်။ဒါပေမယ့်လည်း ဖြတ်လျှောက်တွေအတွက် ကောင်းတဲ့အချက်ကတော့ သူတို့လိုက်နာရမယ့် စည်းကမ်းတွေကို အရမ်းတင်းကျပ်မထားတာပဲ။ ဆိုးတဲ့အချက်က ဒါက ဟာရမ်း ဇာတ်လိုက် ပါတဲ့ ဟာရမ်းဝတ္ထုလေ။ ဒါကြောင့် သူတို့က ဘယ်လိုနေနေ ဇာတ်လိုက်နဲ့ တွဲရမှာပဲ ... အဟွတ်အဟွတ်။

တွေးရတာ ဝမ်းနည်းစရာပဲ။ စာရေးသူက ကျုကျွယ် နဲ့ ကောင်မလေးတွေနဲ့ ပရောပရီလုပ်နေတဲ့ကြား အနှောက်အယှက်မဖြစ်အောင်လို့ ငါ့ကို ပြန်ပေးဆွဲတဲ့အခန်း ထည့်ရေးလိုက်တာထင်တယ်။ ဒါပေမယ့်လည်း ငါ့တပည့်လေးက ငါမမြင်နိုင်တဲ့နေရာတွေမှာ မိန်းကလေးတွေခြံရံရင်း သူ့ရဲ့ကိုယ်ကျင့်တရားတွေကျဆင်းလာတာကို တွေးမိရင် ငါဝမ်းနည်းလာသလိုလိုပဲ။   ငါက အခုထိ ကြိုက်ရမယ့်လူမတွေ့သေးဘူးဆိုပေမယ့် တစ်လင်တစ်မယားစနစ်ပဲ ကျင့်သုံးတဲ့သူပါ။ ဒါပေမယ့် စာရေးသူက ငါ့ကို တစ်ယောက်လေးတောင် စီစဉ်ပေးမယ်မထင်ဘူး။

အိုး၊ ဒါကို သိထားရတာက ဘယ်လောက်တောင်မှ ဝမ်းနည်းစရာကောင်းလိုက်သလဲ။

အကယ်၍ ငါတို့သာ လိင်အမျိုးအစားကို ထည့်မစဉ်းစားဘူးဆိုရင် ကျုကျွယ်က တကယ်ကောင်းတဲ့လက်တွဲဖော်တစ်ယောက်ပဲ။ ဒါပေမယ့်လည်း ငါတို့က လိင်အမျိုးအစားမှားနေတယ်လေ။ မေးနေစရာကိုမလိုဘူး။ ဒါက BL ဝတ္ထုမှမဟုတ်တာ။ ဟာရမ်း ဝတ္ထုကြီးလေ။

ဘယ်အခန်းမှာရမလဲ စဉ်းစားနေတုန်း ကျုကျွယ်က အခန်းလေးခန်းကို ချက်ချင်းမှာလိုက်တယ်။ အခွင့်အလမ်းမျိုးစုံရပြီးတော့ သူလည်း ပိုပြီး ချမ်းသာလာပုံရတယ်။ ကျုကျွယ်က ငါ့ကိုဖက်လိုက်ပြီး 

အရန်ဇာတ်ကောင်တစ်ယောက်၏အသက်ရှင်သန်ခြင်းနည်းလမ်းပေါင်းချုပ်(complete)Where stories live. Discover now