Chapter 6

1.4K 226 9
                                    

ငါ ကျုကျွယ်ကို ဒုတိယသခင်လေးဟွားရဲ့အခန်းထဲခေါ်သွားလိုက်တယ်။ ငါတို့အခန်းထဲဝင်သွားတဲ့အချိန်မှာ သူ့လက်က ခြေထောက်တဖက်ပေါ်တင်ထားရင်း ကုတင်ပေါ်မှာ အိန္ဒြေသ်ိက္ခာမရှိတဲ့ပုံနဲ့ လဲလျောင်းနေတယ်။ လက်တစ်ဖက်က ရေနွေးခရားကိုကိုင်ထားတယ်ဆိုတော့ ရေနွေးငှဲ့နေတာဖြစ်မယ်။ တံခါးဝနားက ကျုကျွယ်ကို လှမ်းမြင်လိုက်တဲ့ ဟွားချုံကျင်းက သူသောက်နေတဲ့ ရေနွေးကြမ်းကို ထွေးထုတ်လိုက်ပြီး ရေနွေးခရားကို စားပွဲပေါ်ပစ်တင်လိုက်တယ်။ သူ့အဝတ်အစားတွေကို ဆွဲဆန့်၊ ကုတင်ပေါ်မှာ သေသေချာချာပြန်ပြင်ထိုင်လိုက်ပြီးမှ ဖြည်းဖြည်းချင်းပြောလာတယ်။

"မင်းဘာလို့ ဒီကိုလာတာလဲ။"

သူက သူ့ရဲ့ သိက္ခာရှိရှိပုံစံကို ထုတ်ပြချင်နေပေမယ့် ခုန တံခါးဝမှာကတည်းက သူ့ရဲ့ တုံးအပြီးချစ်စရာကောင်းတဲ့ ပုံစံကို ငါတို့မြင်ပြီးသွားပြီလေ။ ဒုတိယသခင်လေးဟွားက လူတွေရှေ့မှာဆို မြင့်မြတ်ပြီး ဇီဇာကြောင်တဲ့ အသန့်ကြိုက်တဲ့ပုံစံဖြစ်ရမှာ။ ဒါပေမယ့် ဘယ်သူမှမရှိတဲ့အခါမျိုးနဲ့ ငါတို့လိုမျိုး သူနဲ့ရင်းနှီးပြီးသားသူတွေရှေ့မှာဆို သူက ဖရိုဖရဲပဲနေလေ့ရှိတယ်။ အချိန်အများစုမှာဆို သူက ဒီတိုင်း ကြမ်းပြင်ပေါ်မှာပဲ အပျင်းကြောဆန့်ပြီး ဟိုလှိမ့်ဒီလှိမ့်နဲ့ လှဲနေတတ်တယ်။ ပြောရရင်တော့ ဇာတ်ကောင်တိုင်းဟာ အဝေးကနေကြည့်ရင်တော့ လှပကြည့်ကောင်းနေတာပဲ။ အထူးသဖြင့် ငါလိုမျိုးသူတွေပေါ့။

ကျုကျွယ်က လန့်သွားတဲ့ပုံပေါ်ပေမယ့် တုံပြန်မှုကြီးကြီးမားမားမပြဘူး။ ဒါနဲ့ငါလည်း ဒုသခင်လေးဟွားရဲ့ မေးခွန်းကို ပြန်ဖြေလိုက်တယ်။

" ငါတို့ အလုပ်ကိစ္စနဲ့လာတာ။ ထိပ်သီးဂိုဏ်းတွေက တပည့်လေးတွေ ပျောက်သွားတဲ့အကြောင်း မင်းသိတယ်မို့လား။"

ဒုသခင်လေးဟွားက တည်ကြည်တဲ့ပုံနဲ့ ခေါင်းညိတ်ပြတယ်။ ငါတို့အနေနဲ့ ဒီနေရာမှာ သေချာပေါက်ပြောရမယ့် စကားအသွားအလာကို သိပြီးပြီဆိုပေမယ့် လူသိများနေတဲ့ လျှို့ဝှက်ချက်ကို ငါတို့နောက်ထပ်လုပ်ဖို့လိုတယ်။ ဇာတ်လိုက်ရဲ့အရှေ့မှာတော့ ငါတို့ဒီစကားတွေပြောလို့မရဘူးပေါ့။ ငါတို့သေချာကြိုးစားမှ စာဖတ်သူတွေ မငြီးငွေ့မှာလေ။

အရန်ဇာတ်ကောင်တစ်ယောက်၏အသက်ရှင်သန်ခြင်းနည်းလမ်းပေါင်းချုပ်(complete)Where stories live. Discover now