Chapter 12

3.4K 290 12
                                    

ဒီလိုနဲ့ သုံးနှစ်တောင်ကြာသွားပြီ။

အင်း။သုံးနှစ်က ဘာလိုလိုနဲ့ ကုန်သွားတယ်။

ဒီသုံးနှစ်အတွင်းမှာ ငါနဲ့မုယွင်ရဲ့ အခြေအနေဟာ လုံးဝကို ကပြောင်းတိကပြောင်းဆန်နေရောပဲ။ အရင်တုန်းကတော့ အမြဲတမ်းလိုလို ဒီကိုယ်နဲ့ ငါအလုပ်လုပ်တယ်၊ အခုတော့ မုယွင်က ဒီကိုယ်နဲ့ သူလုပ်ချင်တာ လုပ်နေတယ်။  မုယွင်က ဒီကမ္ဘာကြီးကိုဖျက်ဆီးဖို့  နေ့စဉ်နှင့်အမျှ အလွန့်အလွန်အလုပ်များနေပြီးနောက် ဇာတ်လမ်းက ရုတ်တရက်ချည်း ရောက်ချလာပြန်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါဘာမှတ်ချက်မှ မပေးချင်ပေမယ့် မုယွင်ကိုကြည့်ရတာ အရမ်းပျော်နေပုံပဲ။  သူက နေ့တိုင်း မှန်တစ်ချက်ကို သယ်ထားလေ့ရှိပြီး အဲ့မှန်ကနေတဆင့် ငါလုပ်နိုင်တာက သူနဲ့ စကားပြောတာ တစ်ခုတည်းပဲ။

ကျုကျွယ်က ငါ့ကိုရှာဖို့ အမြဲကြိုးစားပေမယ့် မုယွင်ကိုပဲ တွေ့နေရတယ်။  ဇာတ်ကြောင်းတစ်ခုလုံးက ပြောရရင် Naruto လိုပဲ 'မင်းငါ့နောက် လိုက်ပြီး ငါမင်းနောက်လိုက်နေတယ်၊ ​​မင်းပြန်လာတော့ ငါပြန်မသွားတော့ဘူး' ဆိုတဲ့ ဇာတ်ကွက်အဖြစ် ပြောင်းသွားတယ်။  ဘာဆိုဘာမှ မလုပ်ပေးနိုင်တဲ့ ငါ့အတွက်ကတော့ ဒီတိုင်းထိုင်ကြည့်နေရုံပဲတတ်နိုင်တယ်။

ဒါကြောင့် အခု သုံးနှစ်ကြာပြီးတဲ့ နောက်မှာ ငါတို့ ဇာတ်သိမ်းပိုင်းကို ရောက်နေပြီ။

ငါစောင့်မျှော်နေခဲ့ရတဲ့ နောက်ဆုံးဇာတ်သိမ်းပေါ့။

သုံးနှစ်ကြာပြီးတော့ ငါ့ရှေ့မှာရပ်နေတဲ့ ကျုကျွယ်က အရပ်ပိုရှည်လာတယ်။  ငါ့ထက်တောင် အရပ်ရှည်လာသေးတယ်။  ကျုကျွယ်က ငါ့ကိုကြည့်​ပြီး "မုဖုန်း?"

ငါ့ကိုယ်က ခေါင်းယမ်းပြီး "မုယွန်း" လို့ပြန်ဖြေတယ်။

ကျုကျွယ်က စိတ်ပျက်လက်ပျက်ဖြစ်သွားပုံနဲ့
"မင်း သူ့ကို ငါ့ဆီဘယ်တော့မှ ပြန်ပေးမှာလဲ?"

"သူက မင်းအပိုင်မဟုတ်ဘူး။"

"သူ ဖြစ်လာမှာ။" (ကျုကျွယ်က မုဖုန်းက သူ့အပိုင်ဖြစ်လာတော့မှာလို့ ပြောချင်တာပါ။)

အရန်ဇာတ်ကောင်တစ်ယောက်၏အသက်ရှင်သန်ခြင်းနည်းလမ်းပေါင်းချုပ်(complete)Where stories live. Discover now