4 (Unicode)

391 14 0
                                    

" ငယ် ထမင်းမစားတာ တစ်ရက်ပြည့်ပြီနော် ဦးကိုစိတ်ပူအောင်မလုပ်နဲ့ ငယ်ရယ် "

" …… "

" ငယ်ရေ စောင်ကြီးကိုခေါင်းအုပ်အောင်မခြုံထားနဲ့လို့အသက်ရှူကျပ်မယ် ဦးဖက်ကိုလှည့်ပါဦး ငယ်ရဲ့ "

" အ  ကိုက်တယ်ကွာ ငယ်ကခွေးပေါက်လေးဘဲ "

" သွားနော် ဦး ငယ်ဒေါသထွက်နေတာ "

" ဟုတ်ပါပြီ ငယ်ရာ ဒေါသပြေအောင်ကြိုက်သလောက်ကိုက် ရော့ "

" ဘာလဲ ရော့ဆိုပြီး မသိရင် ငယ်က ခွေးကြနေတာဘဲ "

" ငယ်က ငရစ်လေးကွာ "

ချစ်စနိုးသိုင်းဖက်လို့ ဆံပင်အုပ်အုပ်လေးကိုနမ်းတဲ့အခါ ငယ်ကငြိမ်ငြိမ်သက်သက်နေလေတယ်

" ဦးလေ ငယ့်ကိုချစ်တယ် "

" ငယ်လည်း ဦးကိုချစ်ပါတယ် "

မဆိုင်းမတွချက်ချင်းပြန်ဖြေသံကို ကျွန်တော်မကြိုက်

ချစ်လားမေးတိုင်း ချစ်တယ်ပြောတတ်တဲ့ ငယ်ဟာဘယ်အချိန်ထိများ ကျွန်တော့်ကိုသူ့ဆွေမျိုးတစ်ယောက်လိုခင်တွယ်နေဦးမှာလဲ

ဟူးးးးး ငယ်ရယ် သက်ပြင်းတွေချရလွန်းလို့ ဦးရဲ့ အသက်တွေလည်းတိုကုန်ရချည်ရဲ့

" ဦးအခုချိန်လက်ထပ်လိုက်ရင် ငယ်ဘယ်လိုနေမလဲ "

" ဟာ ဦးကလည်း ငယ်ကဘယ်လိုနေရမှာလဲ ငယ်က ဦးရဲ့ မင်္ဂလာပွဲမှာသတို့သားအရံလုပ်ပေးမှာပေါ့ "

" အင်း ဟုတ်ပါဘီ ငယ်ရယ် ဗိုက်မဆာဘူးလားဟင် "

" ဆာတာပေါ့ ဒါပေမယ့် ငယ်က ဦးကိုစိတ်ကောက်နေတဲ့ဟာကို "

ဟုတ်သည် ငယ်ကအဲ့လိုကလေးမျိုး ~

ဇွတ်တရွတ်ဆန် မလုပ်ခိုင်းသည့်အရာတွေကိုလုပ်ချင်ကာတစ်နေကုန်ကွေးကောက် ပြီးလျှင် သူ့ဟာနှင့်သူ
စိတ်ဆိုးပြေသွားပြီဖြစ်လေသည်

စိတ်ဆိုးမြန် စိတ်ကောက်မြန်လွန်းသည့် ကလေးပေမို့ ကျွန်တော့်မှာရှာကြံအချစ်ပိုရမြဲ

ငုံထားလို့များရရင် ငုံထားလိုက်ချင်ရဲ့ ငယ် ~

" ဦး "

ငယ့်၏ဦးWhere stories live. Discover now