16 (Unicode)

362 13 0
                                    

" သားသား ဒီမှာဘဲနေနော် ဘယ်မှမသွားနဲ့ ငြိမ်ငြိမ်ထိုင် "

အင်း အဲ့ နဲ့အော်ကာ သားသားကဧည့်ခန်းထဲသတင်းစာဖတ်နေတဲ့ ဦးရဲ့ကိုယ်ပေါ်တွယ်တက်သွားတယ်

ဒီကလေးဟာ မှတ်အောင်ရိုက်ထားလည်းအမှတ်မရှိ

" Chan Chan ဒီကိုပြန်လာခဲ့စမ်း Pa Pa စီပြန်လာ "

သားသားငယ်ဟာ ကျွန်တော့်အားအဖတ်ပင်မလုပ်ရှိတယ်လို့တောင်မသတ်မှတ်

ဦးရဲ့ရင်ခွင်ကိုဖက်တွယ်လို့အိပ်ဖို့ပြင်ဆင်နေလေတယ်

တဆိတ်ရှိ ဒီကလေးမလွန်လွန်းဘူးလား

သူ့ဟာသူ ဖာသိဖာသာနေတတ်လေ့ရှိတဲ့ ဦးအနားတွယ်ကပ်လို့ရယ်

Park Chan Yeol သားမပီသလိုက်ပုံများ ~

" လာ လွှတ်လိုက်စမ်း Chan Chan ဆွဲထားတဲ့အကျီင်္စကိုအခုလွှတ် ထနော် Pa Pa ပြောနေတယ်အရိုက်ခံလို့လား "

" ဟင့်အင်းးးးး လိုက်ဝူး "

" သားသား !!! "

" ဟင့် Appa "

" ဘယ်ကို Appa သွားသွားခေါ်နေတာလဲ လာခဲ့စမ်း "

" ငယ် တော်ပါတော့ ကလေးကိုဘယ်လိုတွေဖြစ်နေတာလဲ "

" ဘာကိုတော်ရမှာလဲ မတော်နိုင်ပါဘူး ဦးအနားမှာ ကျွန်တော့်သားကိုမထားနိုင်ဘူး "

" လိုက်ဝူး Appa လုပ်…လုပ် လိုက်ဝူး Pa Pa နောက် လိုက်ဝူး "

ငယ်နဲ့ငယ့်သားတိုက်ပွဲကြား လူကချွေးစိုကာမူးနောက်လို့ပင်လာရသည်

ခက်သည် သားကတစ်မျိုး အဖေကတစ်မျိုး

" ကလေးမှမလိုက်ချင်တာ ငယ်ရာ နေပါစေ ငယ်စိတ်မချရင် ငယ်ကော ဦးဘေးနားထိုင်နေလိုက် ဟုတ်ပြီ
လား အခုဟာက ကလေးလက်တွေနီကုန်ပြီ ဘယ်လိုအကြမ်းပတမ်းဆောင့်ဆွဲနေရတာလဲ ကလေးလက်ဆိုတာ နုနုလေးတွေလေ "

" အပိုလုပ်ပြမနေပါနဲ့ ဦးရယ် ကျွန်တော့်သားကိုဦးကဘဲစိတ်ပူပေးနေပြန်ပြီ "

နာသည် ငယ် ~ ရင်ဘတ်ထဲကနာသည် ~

" Appa နဲ့ဘဲနေမှာ "

လက်သေးသေးလေးတွေနဲ့ဖက်တွယ်ကာ ရင်ဘတ်ထဲက ကလေးငယ်ကအနမ်းခြွေလေတော့ ဟိုးအတိတ်က
ပုံရိပ်များဟာထင်ဟပ်လို့လာရပြန်သည်

ငယ့်၏ဦးWhere stories live. Discover now