14 (Unicode)

332 9 0
                                    

မလိုချင်ဘဲရရှိနေတဲ့ ချစ်ခြင်းမေတ္တာတွေအတွက်အဆိပ်သင့်နေတဲ့ ကျွန်တော့်ဘဝကိုဘယ်သူတွေကများ နားလည်ပေးနိုင်ကြပါ့မလဲ ......

ကျွန်တော့်အသက် သုံးနှစ်အရွယ်မှာ ဦးနဲ့စတွေ့ခဲ့တာ

ဦးက ကျွန်တော့အတွက်တော့ အလင်းရောင်ဘဲ

ဦးနဲ့တွေ့မှ ကျွန်တော့ဘဝအမှောင်ထဲကရုန်းထွက်နိုင်ခဲ့တာ

မိဘမဲ့ဂေဟာမှာနှိပ်စက်ခံရလွန်းလို့ အမြဲတမ်းနီးပါးကြောက်ရွံခဲ့ရတဲ့အကြောင်းတော့ ဘဝတူခြင်းမှနားလည်နိုင်မှာပေါ့လေ

အိမ်သာတံခါး ဂျက်ချခံထားရလို့ တစ်ညလုံးသေပြီမှတ်လို့ ကြောက်ခဲ့ရတဲ့နေ့ရက်တွေ

စားခါနီးထမင်းပန်းကန်ကိုမှောက်ပစ်လို့ အရွယ်ကြီးကြီး ကလေးချင်းအတူ နှိပ်စက်ကြတာတွေ

ဘယ်သူမှအပေါင်းအသင်းမလုပ်ဘဲ တစ်ယောက်တည်း အပယ်ခံဖြစ်ခဲ့ရတာတွေ

သုံးနှစ်အရွယ် ကလေးငယ်တစ်ယောက်ရဲ့ဘဝကတကယ့်ကို အဲ့လိုရှင်သန်ခဲ့ရတာပါဘဲ

ဒီနေ့ဒီအချိန်ထိ မမေ့ပစ်နိုင်ဘဲ ခြောက်လန့်နေစဲအိမ်မက်ဆိုးတွေပေါ့လေ

" ဦးကိုချစ်တယ် ငယ့်ကိုဘဲအမြဲချစ်နော် "

အဲ့ဒီစကားက ကျွန်တော်ရဲ့ဖြူစင်သန့်ရှင်းတဲ့မေတ္တာတွေနဲ့ပြောခဲ့တဲ့စကားတစ်ခွန်းပါ

ကျွန်တော် ဦးကို သွေးသားရင်းတစ်ယောက်လိုချစ်တယ် ~~~

အမှန်အတိုင်းပြောရရင် ကျွန်တော်လေ ဘဝကိုရိုးရှင်းစွာနဲ့ဖြတ်သန်းချင်တယ်

တကယ့်ကိုပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းပေါ့

ကျွန်တော့်ဘဝတစ်လျှောက်လုံး အပယ်ခံလူသားအဖြစ်နေရမှာ ကျွန်တော်သိပ်ကြောက်တယ် ဦးရယ်

ဒါပေမယ့် ကျွန်တော်အဲ့လိုဘဲရှင်သန်ခဲ့ရတာပါဘဲ

" ပိုင်းလုံး " တဲ့လေ

ကျွန်တော်အထက်တန်းကျောင်းသားဘဝအရောက်မှာစရင်းနှီးခဲ့ရတဲ့ ရွံစရာစကားတစ်ခွန်း

ကျွန်တော်က ဦးကို ချူစားနေတာတဲ့လေ

စိတ်နဲ့တောင် ဦးကိုမပြစ်မှားခဲ့ဖူးဘူးပြောရင်ကောကျွန်တော့်ကိုယုံကြည်ပေးကြပါ့မလားဟင်

ငယ့်၏ဦးWhere stories live. Discover now