17

3.7K 350 28
                                    

" ဘာမှမဖြစ်ရဘူးနော် ဘာမှမဖြစ်ဘူးမဟုတ်လား "

သားသားငယ်ကိုချီကာ ဦးရဲ့လူနာတင်ကုတင်ဘေး
အပြေးလိုက်ပြီး ကျွန်တော်အရူးတစ်ယောက်လိုအော်
ဟစ်မိတယ်

" တချက်လောက် ကိုင်ထားတာလွှတ်ပေးပါလား
အခု Operation အခန်းထဲဝင်ရမှာမို့ပါနော် "

" ဟင့်အင်း မလွှတ်ပေးနိုင်ဘူး ကျွန်တော့်ကိုကတိပေး
ပါ ဦးကို အသက်ရှင်လျက်ပြန်ခေါ်လာပေးပါနော်
ဒီတစ်ခုတော့ ကတိပေးပါဗျာ "

" Appa !!!! Appa "

ကျွန်တော့်အော်ဟစ်သံတွေ သားသားငယ်ရဲ့အော်ငိုသံ
တွေဟာ တိတ်ဆိတ်နေတဲ့ဆေးရုံထဲချက်ချင်းဆိုသလိုဖုံးလွှမ်းသွားရတယ်

ကြားရလား ဦး ~ ကျွန်တော်တို့သားအဖရဲ့အော်ဟစ်
ငိုယိုသံတွေကို ~

သာမန်ထက်ကြာတဲ့ ခွဲစိတ်ချိန်တွေကြား ကျွန်တော်
ရူးမတတ်ဖြစ်မိတယ်

ခင်ဗျားတို့ယုံနိုင်ကြမလား ???

Operation အခန်းထဲဝင်သွားတဲ့သူဟာ ကျွန်တော်
ဘဲဖြစ်လိုက်ချင်တယ်ဆိုတာ

ရံဖန်ရံခါမှာအချစ်ဆိုတဲ့အရာဟာသိပ်အသုံးဝင်လေ့
မရှိကြောင်း ခင်ဗျားတို့ကိုကျွန်တော်အသေးစိတ်ရှင်း
ပြမှဖြစ်မယ်ထင်မိရဲ့

" Appa !!! Appa တအားနာနေမှာဘဲနော် Pa Pa "

" ဘာလို့ငိုနေတာလဲ မငိုရဘူးလေ သားသားငယ်ရဲ့
သားသားငိုသံတွေကြားရင် Appa ပိုနာလိမ့်မယ်
မငိုနဲ့ "

သားသားကိုမငိုနဲ့ပြောရင်း ကျွန်တော်ပါရောကာငိုချမိ
တယ်

ကျွန်တော်တကယ်နာကျင်နေရပြီမို့ ဘေးကင်းကင်းနဲ့
ပြန်လာမယ်မဟုတ်လားဟင် ~

" ဒေါက်တာ ဘယ်လိုနေလဲဟင် အသက်ရှင်မယ်
မဟုတ်လား "

" စိတ်မကောင်းပေမယ့် စိတ်ကိုပြင်ဆင်ထားပေးပါ
အခြေအနေမကောင်းပါဘူးဗျာ "

" လာညာမနေနဲ့ မဟုတ်ဘူး ဦးက ကျွန်တော့်ကိုဒီလို
လွယ်လွယ်နဲ့ထားသွားမယ့်သူမဟုတ်ဘူး မညာနဲ့
ကျွန်တော့်ကိုမညာကြပါနဲ့ "

" လူနာအတွက် အချိန်သိပ်မကျန်တော့ဘူး ပြောချင်
တာရှိရင် ပြောထားလိုက်ပါ "

ငယ့်၏ဦးWhere stories live. Discover now