5 (Unicode)

367 13 0
                                    

" ဦး ငယ်ကြည့်ကောင်းရဲ့လား "

" ကြည့်ကောင်းတာပေါ့ ငယ်ရာ လောကကြီးထဲမှာ ဦးအတွက်တော့ ငယ်ကကြည့်အကောင်းဆုံးဘဲ "

" ဒါနဲ့ ဦး   ဦးက ကုတ်အဖြူရောင်မဝတ်ဘဲဘာလို့ အမည်းရောင်ဝတ်တာလဲဟင် "

" ဟင် သြော် ဒါလား ဦးကငယ်နဲ့ဆင်တူဖြစ်အောင်လို့ပေါ့ ငယ်ရဲ့ "

" ဦးက ငယ်နဲ့ဆင်တူဖြစ်စရာမလိုဘူးလေ "

အူကြောင်ကြောင်နဲ့ပြန်မော့ကြည့်နေသော ငယ့်ကိုပုခုံးလေးဆွဲဖက်ရင်း ခန်းမထဲအသာဆွဲသွင်းလိုက်ရသည်

သေချာတယ် ဒီအချိန်ဆိုဖိတ်ထားတဲ့ဧည့်သည်တွေစုံနေကြလောက်ပြီ ~

တလှမ်းချင်းလှမ်းရင်းပွဲတက်လာကြတဲ့လူတွေရဲ့အလယ် ငယ့်လက်ကိုဆွဲပြီးလျှောက်နေရတဲ့ ဦးဘာ့သာ ဦး ကိုယ့်ကိုကိုယ် ဂုဏ်တွေယူလိုက်ရတာ

ဝဲဝဲတက်လာတဲ့မျက်ရည်တွေကိုပုတ်ခတ်ပုတ်ခတ်လုပ်နေတဲ့ငယ့်ပုံရိပ်လေးကြောင့် ဦးရာခိုင်နှုန်းအပြည့်
အဝ ပျော်နိုင်တယ်များထင်သလားဟင်

" ငယ် ဖြေလိုက်ဦးလေ "

" အာ ဟုတ် ကတိ…ကတိ …ကတိပြုပါတယ် "

အလျင်စလိုငုံ့ချလိုက်တဲ့မျက်နှာလေးအောက်မျက်ရည်တစ်စက်လွှင့်ထွက်သွားတာကအစ မြင်တွေ့ရပါတယ် ငယ် ~

ရင်နဲ့ရင်းလို့ နှလုံးသားကိုမြေသြဇာလုပ် ကြီးပြင်းလာအောင်စောင့်ရှောက်ပေးခဲ့ရတဲ့ဦးရဲ့ အရင်းအနှီးတွေဟာကြီးမားနိုင်မယ်မှန်းလည်းခန့်မှန်းမိပါတယ်

ဘယ်လိုလုပ်မလဲ ငယ် ~

ငယ်နဲ့ဝေးဝေးမနေရဲတဲ့ ဦးနှလုံးသားကိုလည်းအပြစ်ပေးလိုက်ချင်ပါရဲ့

အခုတော့ ဦးကြောင့် ငယ်နာကျင်ရတော့မယ် ~

" ဟော သတို့သားလေးနှစ်ယောက်ကအခုမှဘဲပေါ်တော့မူလာတယ် "

သိပါတယ် ငယ်ရယ် နားမလည်တဲ့မျက်ဝန်းလေးတွေနဲ့မော့မော့ကြည့်ရင်းမေးချင်နေတဲ့ငယ့်ပုံစံလေးကို ~

မတတ်နိုင်ဘူး ငယ် ~ ဦးကတော့သေတဲ့အထိငယ့်ကိုထွက်မပြေးနိုင်အောင်ဖမ်းဆုပ်ထားရမှာဘဲ

ငယ့်၏ဦးWhere stories live. Discover now