-4-

504 62 3
                                    

[Unicode]

သူစိတ်ဆိုးနေလို့ဆိုပြီး မချော့တတ်ချော့တတ်နဲ့ ချော့‌ရှာတဲ့ရှောင်းကျန့်က တကယ်ကိုအသဲယားစရာလေးရယ်။ ပြီးတော့ အဲ့နေ့က ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ လွယ်လွယ်ဖွင့်ထုတ်မပြတတ်တဲ့ ရှောင်းကျန့်ရဲ့ တစ်ဖက်ခြမ်းကို သူကပထမဆုံးအကြိမ် မြင်ခွင့်ရတဲ့သူတစ်ယောက်ဖြစ်နေပြန်တယ်။

အဲ့အတွက်ဘယ်လိုပြောရမလဲ ခံစားချက်ကတော့ လေပေါ်မှာမြောက်နေသလိုမျိုး။ ပြီးတော့ သူ့သူငယ်ချင်းလေးအတွက် Seanကအရေးပါတဲ့လူတစ်ယောက်ဖြစ်သွားသလိုခံစားချက်က ရှယ်ပဲ။ ရှောင်းကျန့်က ဘယ်လိုတွေသလဲသူမသိပေမဲ့ သူကတော့ ကိုယ်ထင်ကုတင်ရွှေနန်းပဲ လာမတားနဲ့!

ရှောင်းကျန့်အထင် သူစိတ်ပြေသွားတာ တောင်ကုန်းလေးပေါ်ခေါ်လာပေးတဲ့အတွက်ကြောင့်လို့ ထင်နေပေမဲ့ အမှန်က ရှောင်းကျန့်ကို Seanကမှကြာကြာစိတ်မဆိုးနိုင်တာ။ ဒါကလဲ ရှောင်းကျန့်ကဂျပန်မှာ ပထမဆုံးသူနဲ့စိတ်တူကိုယ်တူသူငယ်ချင်းလေး ဖြစ်လို့နေပါလိမ့်မယ်။

အချိန်တစ်ပတ်ဆိုတာ သိပ်မကြာခင်မှာပဲကုန်သွားပြီဖြစ်တယ်။ ထိုရက်တွေထဲမှာလဲ Seanက မနက်တိုင်းအစောကြီးထလို့ ရှောင်းကျန့်အိမ်ရှေ့ကိုရောက်နှင့်နေခဲ့ပြီ၊ ညနေဆိုလဲ အချိန်ပိုင်းအလုပ်ပြီးတဲ့အထိ စောင့်ပြီးမှ အိမ်ကိုပြန်တယ်။ ရှောင်းကျန့်က ဘာလို့လာလာနေလဲမေးတော့ အကြောင်းပြချက်က လွတ်သွားတဲ့စာတွေကူးပြီး လာပေးတာ!

_

ရှောင်းကျန့် ဒီနေ့ကျောင်းပြန်တင်ရတော့မှာဖြစ်တယ်။ အင်း.. တစ်ပတ်ကလဲကုန်တာမြန်လိုက်တာ။
သူနိုးတဲ့အချိန်တော့ မားကထုံးစံအတိုင်း အလုပ်ကို‌ တောင်ရောက်နေလောက်ရောပေါ့။ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ မားနဲ့သူကမျက်နှာချင်းဆိုင်ချိန်သိပ်မရှိ၊ ဒါကပဲသူတို့သားအမိရဲ့  သာမာန်နေထိုင်တဲ့ပုံစံဖြစ်နေတယ် အေး‌စက်စက်သားမိဆက်ဆံရေးပေါ့။

ခေါင်းကိုခါလို့အတွေးတို့ကိုထုတ်ပစ်တယ်။ ဖုန်းကနာရီကိုကြည့်မိတော့ ခုနှစ်နာရီရှိနေပြီ အိပ်ယာပေါ်ကထလို့ ကျောင်းသွားဖို့ပြင်ဆင်တယ်။ အားလုံးပြီးတော့ ရေခဲသေတ္တာထဲက နွားနို့နဲ့ ပေါင်မုန့်အလွတ်ကိုယူလို့ အိမ်ကထွက်တယ်။

Impossible, but it's possibleWhere stories live. Discover now