-6-

430 61 12
                                    

[ Unicode ]

" ရှောင်းကျန့်.. "

တဲထဲမှာအိပ်ယာပြင်နေတုန်း အပြင်ကနေသူ့နာမည်ကိုခေါ်လာတဲ့ ခပ်တိုးတိုးအသံကြောင့် ထွက်ကြည်ြလိုက်တော့ ညနေကသူနဲ့အတူဈေးလိုက်ပေးတဲ့တစ်ယောက်။

" ဘာဖြစ်လို့လဲ "

" အိပ်တော့မလို့လား "

" အင် "

" အစောကြီးရှိသေးတယ်၊ ဘယ်သူမှမအိပ်ကြသေးဘူးလေ "

သူ့အရှေ့ကတစ်ယောက်ပြောတာမှန်တယ်။ ဘယ်သူမှမအိပ်ကြသေးဘူး မဟုတ်ဘူး မီးပုံပွဲလို အသေးစားလေးလုပ်လို့ ဝိုင်းဖွဲ့ပျော်ပါးနေကြတာ...

" အင်း... သူတို့နဲ့ငါကမတူဘူး "

" အာ.... ဒါဆိုစကားပြောလို့မရတော့ဘူးလား "

ရှောင်းကျန့်သူ့အရှေ့က တစ်ယောက်ကိုကြည့်လို့ သက်ပြင်းချလိုက်ပြီး

" ကောင်းပြီ‌! "

ရှောင်းကျန့်စီက သဘောတူညီချက်ရပြီးဝာနဲ့ ယွီမင်ကအပြုံးကြီးကြီးပြုံးလို့

" ကျွန်တော်တို့ ဟိုဘက်သွားရအောင် "

" အင်း "

ယွီမင်ခေါ်လာတဲ့နေရာက မီပုံပွဲလေးနဲ့ နဲနဲတော့အလှမ်းဝေးတယ်၊ အသံတွေမကြားရပေမဲ့ လှမ်းကြည့်ရင်တော့မြင်ရတဲ့ အနေအထားမှာရှိတယ်။ သစ်တုံးလေးပေါ်မှာ နှစ်ယောက်သားထိုင်လို့ မီးပုံပွဲရှိရာဘက်ကို မျက်နှာမူလို့ထားတယ်။ မီးရောင်ပျပျလေး‌ကြောင့်နှစ်ယောက်လုံးရဲ့ မျက်နှာကို သဲသဲကွဲကွဲမြင်နေရတယ်။

" ကျွန်တော့်နာမည် ယွီမင်ပါ၊ ရှောင်းကျန့်ကတော့ ကျွန်တော့်ကိုမသိပေမဲ့ ကျွန်တော်ကတော့ ရှောင်းကျန့်ကို သိပါတယ် "

ရှောင်းကျန့်တကယ်ကို အံ့ဩနေတယ်။ ဒီတစ်ယောက်ပြောသလိုပဲ သူတကယ်ကိုမသိဘူး။

" ဘယ်လိုလုပ် "

သူ့အမေးစကားမှာ ဘာတွေရယ်စရာပါသွားလဲမသိပေမဲ့ သူ့‌အရှေ့ကတစ်ယောက်ကတော့ သဘောတကျနဲ့ကိုရယ်နေပြန်တယ်။

" ကျွန်တော်တို့ကတစ်ခန်းထဲလေ "

" အဲ့ဒီလိုလား၊ တစ်ခန်းထဲဆိုတော့လဲ ငါ့အကြောင်းကထွေထူးပြီး မိတ်ဆက်ပေးစရာမရှိဘူး အကုန်လုံးက မင်းသိထားတဲ့အတိုင်းပဲ၊ သူတို့စိတ်တိုင်းကျ ဂုဏ်ပုဒ်အမျိုးမျိုးနဲ့ လူ "

Impossible, but it's possibleWhere stories live. Discover now