-18-

457 31 4
                                    

[ Unicode ]

Du....Du....Du....

Table no13 အတွက် order ကိုယူသွားပေးနေတုန်းမှာပဲ အေပရွန်ရဲ့အိတ်ကပ်ထဲထည့်ထားတဲ့ ဖုန်းကမြည်လာတယ်။  အဲ့ဒါကြောင့်စားပွဲနံပတ်13စီကိုခပ်သွက်သွက်လေးလျှောက်လို့ မှာထားတာတွေကိုချပေးပြီး ကောင်တာစီကိုအမြန်ပြန်လာပြီး ဖုန်းကိုထုတ်ကြည့်လိုက်တယ် စခရင်ပေါ်မှာပေါ်နေတဲ့ နာမည်ကြောင့် ရှောင်းကျန့်က အသံသေးသေးလေးထွက်လို့ ခပ်လွင်လွင်ရယ်လိုက်တယ်။

" အင်း Sean "

သူ့ရဲ့ဖုန်း‌ဖြေသံကြောင့် တဖက်ကထွက်လာတဲ့ ခပ်ဆောင့်ဆောင့်အသံက အလိုမကျကြောင်းဖော်ပြနေတာများ

" ဘာအင်းလဲ! ညတုန်းကကျတော့ ယောက်ျားလို့‌ ခေါ်ပြီးခုကျတော့အင်းတဲ့ ရှောင်းငယ်က ကိုယ့်ကိုစားပြီးနားမလည်လုပ်တာလား "

ချစ်သူပူပူနွေးနွေးလေးရဲ့  စကားတွေကိုကြားပြီး ရှောင်းကျန့် ထိုညကအဖြစ်အပျက်တွေကိုမြင်ယောင်ပြီး မျက်နှာပူလာတာကြောင့် အောက်နှုတ်ခမ်းကို ခပ်ကြီးကြီးသွားနှစ်ချောင်းနဲ့ ဖိကိုက်လို့ မျက်နှာကိုအောက်ငုံ့ချလိုက်ရတယ်။ အခုချိန်သူ့ရဲ့ပါးနှစ်ဖက်က သိသိသာသာနီရဲနေမှာအသေအချာပဲ။ ထို့ကြောင့်

" Sean! တော်..တော်တော့နော်။ ငါ..ငါအလုပ်ချိန်မို့ ဒါပဲနော် "

Seanဘက်ကထပ်ပြီးစကားတွေထွက်မလာခင် ရှောင်းကျန့်ကအရင်ဖုန်းချပစ်လိုက်သည်။ မဟုတ်ရင် ဒီနေရာမှာတင် ရှောင်းကျန့်က အရည်ပျော်ကျသွားနိုင်တာမို့ အခုတောင်သူ့ပါးနှစ်ဖက်ကပူနွေးနေပြီဖြစ်တယ်... သူ့ရဲ့သစ္စာဖောက်ပါးနှစ်ဖက်နဲ့ ဆန့်ကျင်စွာပဲ နှုတ်ခမ်းပါးပါးထပ်မှာတော့ လှလှပပအပြုံးတစ်ပွင့်ဖြစ်ပေါ်နေခဲ့တယ်။ ခဏအကြာတော့ ဆိုင်ထဲကို အလျင်အမြန်ပြန်လို့ ၀င်သွားခဲ့သည်။

ရှောင်းကျန့်ရဲ့ကိုစောင့်ကြည့်နေတဲ့ လူတစ်ယောက်ကလဲ အဖြစ်အပျက်အလုံးစုံကိုမြင်တွေ့‌နေရတာကြောင့် မနာလိုမုန်းတီးစိတ်တွေက အဲ့ဒီလူရဲ့ တစ်ကိုယ်လုံးကိုလွှမ်းခြုံနေပြီဖြစ်တယ်။ သို့သော်ထိုနေရာကနေ တစ်လှမ်းမှမရွေ့ပဲ အံကြိတ်လို့သာ ဆက်လက်ရှိနေသည်။
_

Impossible, but it's possibleWhere stories live. Discover now