-9-

448 55 7
                                    

[ Unicode]

ရှောင်းကျန့်နဲ့ Seanက အထက်တန်းနောက်ဆုံးနေ့တွေ့ပြီးကတည်းက နောက်ထပ်မတွေ့ရတော့တာဖြစ်တယ်။ သူ့ဘက်ကတွေ့ချင်ရင်တောင်မဖြစ်နိုင်ဘူး အချိန်လဲမရှိသလို၊ အခြေအနေတွေက ကွာခြားတယ်မဟုတ်လား။ Seanက ကောလိပ်ကိုအပူအပင်မရှိ အေးဆေးလေးတက်နိုင်ပေမဲ့ သူကတော့အဲ့သလိုမဟုတ်ဘူးလေ။ အဲ့ဒါကြောင့်ပဲ ရှောင်းကျန့်က ကောလိပ်မတက်ခင်မှာ အချိန်ပိုင်းအလုပ်တွေကို တရစပ်လုပ်နေရတာဖြစ်တယ်။

ဒေါက်~ ဒေါက်~

" ရှောင်း "

ကောင်တာထိုင်ရင်း ငေးမောတွေးတောနေတဲ့ သူ့ကိုယွီမင်က ခုံကိုလက်ဆစ်နဲ့ခေါက်လို့သတိပေးလာတယ်။

" ဟင်! ဘာလိုလို့လဲ ယွီမင် "

" မလိုပါဘူး ဆိုင်ကခ‌ဏနေလူကျတော့မှာ၊ ဘာတွေတွေးနေလို့ သတိလက်လွတါဖြစ်နေရတာလဲ "

" ဟမ်၊ မ..မတွေးပါဘူး။ ဒီတိုင်းပဲ "

" ပြီးတာပဲ၊ သတိကပ်ဦး ခဏနေဂျာကြီးလာရင် ပွစိပွစိပြောခံနေရမယ် "

" အင်း "

ယွီမင်ကသူ့အလိမ်ညာစကားကို မယုံသလိုကြည့်ရင်း ဖျော်စက်တွေနားကို ပြန်ရောက်သွားသည်။

Seanနဲ့သာ မတွေ့ဖြစ်ပေမဲ့ ယွီမင်နဲ့ရှောင်းကျန့်က နေ့တိုင်းတွေ့ဖြစ်သည်။ ဒါကလဲတစ်ခြားမဟုတ် သူအချိန်ပိုင်းလုပ်တဲ့ နေရာမှာ ယွီမင်ကလဲအလုပ်လာလျှောက်တာ‌ကြာင့်ဖြစ်တယ်။

သူ့အလုပ်မှာစစချင်းတွေ့တော့ ယွီမင်ကို‌မေးဖူးတယ်။

" မင်းကဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ "

" ကောလိပ်မတက်ခင် အားနေတာနဲ့၊ ပြီးတော့တရုတ်ကိုလဲမပြန်ချင်တာပါတယ် "

" ဪ.... "

မှန်သည်။ အဲ့တုန်းက ယွီမင်ရဲ့ အပြောကိုရှောင်းကျန့်က အဲ့သလိုပဲတုန့်ပြန်နိုင်ခဲ့တာဖြစ်တယ်။ သူကတော့ နားချင်တာတောင်မနားရတဲ့ ဘ၀မှာ ယွီမင်ကတော့အားနေလို့ပါတဲ့‌လေ။
_

" ရှောင်း.. ဒီနေ့၀င်ခွင့်တွေကျလာတော့မှာဆိုတော့ ရင်ခုန်နေလား "

Impossible, but it's possibleWhere stories live. Discover now