-3-

581 89 11
                                    

[Unicode]

နှိုးစက်သံကြောင့် ရှောင်းကျန့် နိုးလာတယ် ။ ပြတင်းပေါက်ကို ဖွင့်ရင်း လမ်းမဘက်ကို ကြည့်လိုက်တော့ အလင်းရောင်သဲ့သဲ့နဲ့ အမှောင်ထုကသာ ကြီးစိုးနေတယ် ။ ခေါင်းကို ဘယ်ညာချိုးလိုက်တော့ ဂျွတ်ကနဲ မြည်သံနဲ့ အတူ လည်ပင်းကလှုပ်ရှားမနိုင်တော့ ။

" အာ အွန်းလွဲသွားပြီ ထင်တယ် "

Laundry ဌာနမှာ လုပ်ရတာ ပုံမှန်အချိန်ပိုင်းအလုပ်တွေထက်တောင် ပင်ပန်းသလို ခံစားရတယ် ။ ငွေကြေးလိုအပ်ချက်ကြောင့်သာ ဒီအလုပ်ကို ဝင်လုပ်နေရတာ ။ တစ်နေကုန် အနားယူချိန်က မိနစ်ပိုင်းလောက်ပဲ အချိန်ရတယ် ။

နံနက်စာအဖြစ် ရေခဲသေတ္တာထဲက နွားနို့တစ်ဘူးကို ဆွဲယူလိုက်ပြီး အိမ်ပြင်ထွက်လာလိုက်တယ် ။ အကြည့်ရောက်သွားတဲ့ လမ်းထောင့်က ဓာတ်တိုင်ကြီးတောင် ဆွေးမြည့်နေပြီ ။ နောက်လထဲ အသစ်လဲဖို့ စီမံကိန်းရှိတယ်လို့တော့ ဘေးအိမ်က အဒေါ်ကြီးတွေ ပြောနေတာ ကြားလိုက်မိသေးတယ် ။ ရှောင်းကျန့် ငယ်ငယ်တုန်းက ညနေဘက်တွေမှာ မားမားကို စိတ်ဆိုးပြီး ဓာတ်တိုင်အောက် ညရောက်တဲ့အထိ ထိုင်နေဖူးတယ် ။ ချမ်းစိမ့်နေပေမယ့် လိုချင်တာမရမချင်း နေရာကတဖဝါးမှမရွေ့ဘူး ။ ရှောင်းကျန့် ငယ်ငယ်က အရမ်းခေါင်းမာတဲ့ ကောင်လေး ။ အခုလက်ရှိလည်း ထိုနည်းတူပါပဲ ။

ဟိုတယ်နဲ့ အိမ်က မိနစ်အတော်ကြာလမ်းလျှောက်ရတာဖြစ်လို့ စောစောထွက်လာခဲ့တာ ။ မနေ့ညက အတွေးများရင်း ညနက်မှအိမ်ပျော်သွားတော့ လမ်းလျှောက်နေပေမယ့် မျက်လုံးသိပ်မဖွင့်ချင်သေးဘူး ။ ပင်ပန်းလိုက်တာ ။ ဒီအချိန်မျိုးက အိပ်ယာထဲမှာ နွေးနွေးထွေးထွေးအိပ်နေသင့်တာ ။ အတွေးများလာရင်း အိပ်ချင်စိတ်က ထိန်းမရအောင် ဖြစ်လာတော့ ခြေလှမ်းရပ်ပြီး ပါးနှစ်ဖက်ကို နာသွာအောင် ကြမ်းကြမ်းလေး ဆက်တိုက် ရိုက်လိုက်တယ် ။

ရုတ်တရက် ရှောင်းကျန့်လက်ကို အေးစက်တဲ့လက်တစ်ဖက်က ဖမ်းကိုင်လိုက်တာကို ခံစားလိုက်ရတယ် ။ မျက်လုံးမဖွင့်ဘဲ စက္ကန့်ပိုင်းအတွင်းမှာ ခန္ဓာကိုယ်က သူ့ဘာသာ တုံ့ပြန်ပြီး ရှေ့ကလူရဲ့မျက်နှာကို ဆွဲထိုးလိုက်တယ် ။

Impossible, but it's possibleWhere stories live. Discover now