"ဟားဟားဟား...ဟေ့ကောင် Taehyung...မင်းဟာလေးကအတန်းရှေ့မှာရောက်နေပြန်ပြီကွ"
သဲကြီးမဲကြီးရွာနေသည့်မိုးသံတွေကြားထဲကပြောလိုက်သည့် Parksoo ရဲ့စကားကြောင့်အတန်းရှေ့ကိုလှမ်းကြည့်လိုက်တော့ဘူးလေးတစ်ဘူးကိုင်ကာရပ်နေသည့် Jungkook ကိုတွေ့လိုက်ရသည်...ထိုအခါ Taehyung စိတ်ပျက်လက်ပျက်နဲ့သက်ပြင်းချလိုက်မိသည်...Jungkook က Taehyung ထက်တစ်နှစ်ငယ်ကာ Taehyung ကိုအသေရရအရှင်ရရကြိုက်နေသူဖြစ်သည်...
Taehyung ကတော့ကျောင်းရဲ့လူမိုက်ဖြစ်သလိုဒေါသလည်းအရမ်းကြီးသည်...ထို့အပြင် Jungkook တင်မဟုတ်ဘဲဘယ်ယောကျာ်းလေးကိုမှစိတ်မဝင်စားချေ..."စိတ်ရှုပ်တယ်ကွာ အဲ့ဟာလေးနဲ့..."
"ဟေ့ကောင် သွားတွေ့လိုက်ပါကွာ ဟိုမှာစောင့်နေရှာတာ ဟားဟားဟား"
သူငယ်ချင်းတွေကဝိုင်း၍စနောက်ကာပြောနေတာကြောင့် Taehyung စိတ်ရှုပ်စွာအတန်းအပြင်ကိုထွက်လာခဲ့သည်
"စီနီယာ..."
"မင်းဘာလာလုပ်ပြန်တာလဲ!!ဟမ်!!"
တွေ့လိုက်တာနဲ့အသံမာမာဖြင့်ဟောက်လိုက်သည့် Taehyung ကြောင့် Jungkook ဇက်လေးပုကာခေါင်းငုံ့သွားလေသည်
"ဟို...ဟိုလေ စီ...စီနီယာ့ဖို့ပါ..."
လက်ထဲမှာကိုင်ထားသည့်ဘူးလေးကိုအရှေ့ကိုထုတ်ပေးကာခေါင်းငုံ့၊ကိုယ်ကိုညွှတ်ကိုင်းထားကာ Jungkook ပြောသည်
"ဘာတွေလဲ..."
"cup...cupcake တွေပါ စီနီယာ...ကျွန်တော်ကိုယ်တိုင်လုပ်လာတာပါ..."
Jungkook နဲ့ Taehyung ကအဆင့်အတန်းချင်းကွာခြားလွန်းလှသည်..Taehyung ကကျိကျိတက်ချမ်းသာသည့် Kim department ရဲ့တစ်ဦးတည်းသောသားဖြစ်ပေမယ့် Jungkook ကတော့လမ်းဘေးမှာ cafe ဆိုင်လေးဖွင့်ထားသည့် Jeon Jisun ဆိုသည့်တစ်ခုလပ်မိန်းမတစ်ယောက်ရဲ့တစ်ဦးတည်းသောသားပင်ဖြစ်သည်...
"ငါကအပေါစားတွေမစားဘူး ပြန်ယူသွား"
Jungkook ရဲ့အရှေ့မှာလက်ပိုက်ရပ်နေကာမသတီတဲ့ပုံစံဖြင့် Taehyung ပြောသည်
"အ...အပေါစားမ...မဟုတ်ပါဘူး စီနီယာ့ကိုစားစေချင်လွန်းလို့ကျွန်တော်ကိုယ်တိုင်သေသေချာချာသန့်သန့်ရှင်းရှင်းလုပ်လာခဲ့တာပါ စီနီယာရယ်...."