Part-17

1K 139 15
                                    

အလုပ်ဆင်းဖို့အချိန်နီးလာလေ Jungkook စိတ်မောလာလေဖြစ်သည်...နာရီကိုပဲတကြည့်ကြည့်လုပ်ကာသက်ပြင်းချနေမိတော့သည်...

"Jungkook..."

"ဗျာ!!အစ်ကိုဘာဖြစ်လို့လဲ"

"နေကောင်းရဲ့လား ငိုင်တိုင်တိုင်ဖြစ်နေတယ်"

ဆိုင်ရှင်အစ်ကိုကလာပြောသည့်အခါကျမှသူ့စိတ်တွေလွင့်နေတယ်ဆိုတာ Jungkook သတိထားလိုက်မိသည်....

"ကောင်းပါတယ်အစ်ကို...စိတ်ရှုပ်စရာလေးတွေရှိနေလို့ပါ..."

"အော် အေးအေး နေမကောင်းရင်လည်းစောစောပြန်လို့ရတယ်နော် ဆိုင်လည်းပိတ်တော့မှာပဲဥစ္စာ ပြီးတော့ငါ့ညီလည်းဒီတစ်ပတ်လုံးနားရက်မယူထားဘူးလေ ပြန်လိုက်ပါ့လား"

"အဲ့...အဲ့လိုလုပ်လို့ရလားအစ်ကို..."

"ရတာပေါ့ကွ သွားသွား အစ်ကိုလည်းခဏနေဆိုင်ပိတ်ပြီးပြန်တော့မှာရယ်"

"ဟုတ် အဲ့တာဆိုကျေးဇူးပါပဲအစ်ကို"

ဆိုင်ရှင်ကိုနှုတ်ဆက်ကာ Jungkook ပစ္စည်းတွေသိမ်းပြီးပြန်လာခဲ့သည်...Namjoon နဲ့ Taehyung တို့နှစ်ယောက်ကြားမှာဘယ်သူနဲ့ညစာအတူတူစားရမှန်း Jungkook မဆုံးဖြတ်နိုင်ချေ....Namjoon ကအရင်ပြောထားတာဆိုပေမယ့်သူမလိုက်ရင်ဘာမှမစားဘူးဆိုပြီးခြိန်းခြောက်နေတဲ့ Taehyung ကြောင့် Jungkook တုံ့နှေးနေမိသည်...ထို့ကြောင့် Jungkook နေမကောင်းဘူးဟုလိမ်ဖို့ပဲဆုံးဖြတ်လိုက်တော့သည်...လိမ်တယ်ဆိုပေမယ့် Jungkook တကယ်လည်းခေါင်းကိုက်နေတာဖြစ်သည်...ထို့ကြောင့်အိမ်ရောက်မှနှစ်ယောက်စလုံးကိုဖုန်းဆက်ကာအကျိုးအကြောင်းပြောပြဖို့ဆုံးဖြတ်လိုက်တော့သည်....တိုက်ခန်းရှေ့ရောက်သောအခါဖုန်းလာတာကြောင့်ထုတ်ကြည့်လိုက်တော့ Taehyung ဖြစ်နေလေသည်...Jungkook လည်းသက်ပြင်းချကာဖုန်းကိုင်ရင်းဓာတ်လှေကားထဲဝင်လာခဲ့သည်...

"ဟယ်လို..."

"ဟယ်လို...Jungkook အလုပ်ဆင်းသွားပြီလား ငါနောက်ကျလို့လား ဆိုင်ပိတ်ဖို့ဆယ်မိနစ်တောင်လိုပါသေးတယ်..."

"အွန်း ဟုတ်တယ်...ကျွန်တော်နေမကောင်းလို့ အားတော့နာပါတယ် နောက်နေ့မှသွားစားကြတာပေါ့...."

𝑇ℎ𝑜𝑟𝑛𝑠Where stories live. Discover now