"Jungkook..."
"...."
Taehyung ကခေါ်နေပေမယ့် Jungkook ဘာမှပြန်မပြောဘဲငြိမ်သက်နေမိသည်...
"Jungkook..."
Jungkook ဆီကတုံ့ပြန်မှုမရသောကြောင့်အရှေ့ကိုတစ်လှမ်းတိုးကာ Taehyung ထပ်ခေါ်သည်...
"လူ...လူမှားနေပြီထင်တယ်..."
နီးကပ်လာသည့်ခြေသံကြောင့်စိတ်လှုပ်ရှားလာကာကြောက်စိတ်ကိုထိန်းရင်း Jungkook ပြန်ဖြေသည်...
"ဒီဘက်ကိုလှည့်ပေးလို့ရမလား...."
Jungkook ရဲ့ပုခုံးကိုလှမ်းကိုင်ကာ Taehyung ပြောသည်...ပုခုံးပေါ်ကိုရောက်လာသည့် Taehyung ရဲအြထိအတွေ့ကြောင့် Jungkook တစ်ကိုယ်လုံးတုန်တက်သွားကာမတ်တပ်ထရပ်လိုက်သည်...Taehyung ကိုတော့နောက်ကျောပေးထားဆဲပင်...
"လူမှားနေတယ်လို့ခင်ဗျားကိုပြောနေတယ်လေ!!"
"Jung...Jungkook မလား...Jeon Jungkook ဟုတ်တယ်မလား..."
Jungkook ရဲ့အသံကိုမှတ်မိနေတာကြောင့် Taehyung တပ်အပ်ပြောနိုင်သွားသည်...
"ခင်ဗျားနားကန်းနေလား လူမှားနေတယ်လို့ပြောနေတယ်လေ!!"
ဒေါသသံပါအောင်အော်ကာပြောနေပေမယ့်တကယ်တော့ Jungkook အရမ်းကြောက်ကာမျက်ရည်တွေပင်ကျနေလေသည်...ကျောင်းမှာသူ့အားအနိုင်ကျင့်ခဲ့သည့် Taehyung ဟာအခုလည်းအကြင်နာတရားမဲ့စွာအနိုင်မကျင့်ဘူးဟုမပြောနိုင်ပေ...
"ငါ...ငါလေ Kim Taehyung လေ မှတ်..မှတ်မိတယ်မလား Jungkook...."
"ကျွန်တော့်နာမည်က Jungkook မဟုတ်ဘူး!!ခင်ဗျားထွက်သွားလိုက်တာကောင်းမယ်ထင်တယ်"
"ခြေ...ခြေထောက်ကအပူလောင်ထားတာလား...ခုနကပန်းကန်ကွဲတုန်းကဖြစ်တာလား..."
Jungkook ရဲ့နောက်ကျောကိုကြည့်နေရင်းနဲ့နီရဲနေသည့်ခြေသလုံးနှစ်ဖက်ကိုမြင်သောအခါစိုးရိမ်စိတ်ဝင်ကာမေးသည်...စိုးရိမ်သည့်ပုံစံဖြင့်မေးနေသော Taehyung ကြောင့် Jungkook အံ့ဩသွားသည်...Taehyung ဟာအရင်ကသူအသက်ရှင်နေတယ်ဆိုတာကိုတောင်ဂရုမစိုက်ခဲ့သည့်လူမဟုတ်သည့်အတိုင်းပင်ပြောင်းလဲနေလေသည်...
"ခင်ဗျားအပူတစ်ပြားမှမပါဘူး...!ခင်ဗျားထွက်သွားမလား ထွက်မသွားဘူးလား ခင်ဗျားမသွားရင်ကျွန်တော်သွားမယ်!!"