Part-20

1.5K 124 10
                                    

"ချာတိတ်..."

"ဗျာ"

"နေကောင်းရဲ့လား"

"ကောင်းတာပေါ့ဗျ အကိုရော.."

အလုပ်ထွက်ထားတာကြောင့် Jungkook အခုတလောအားနေလေသည်။ ထို့ကြောင့်အလုပ်လည်းရှာရင်းပရဟိတလုပ်ငန်းလေးတွေမှာဝိုင်းဝန်းကူညီရင်းအချိန်ဖြုန်းနေတတ်သည်။ ညနေရောက်တော့ Namjoon ဘက်မှ video call ခေါ်လာတာကြောင့်လက်ခံပြောနေခြင်းဖြစ်သည်။

"အကိုလည်းနေကောင်းပါတယ်"

"အကိုကနေကောင်းဖို့လိုတယ်ဗျ အသက်ကြီးပြီ"

"ဟာ...ဒီကောင်လေး"

သူ့ကိုစပြီးနောက်သဘောကျစွာရယ်နေသည့် Jungkook ကိုကြည့်ကာ Namjoon ကြည်နူးရပြန်ပါသည်။ Jungkook ရဲ့လွတ်လပ်ပေါ့ပါးသည့်ပုံစံကို Namjoon အလွန်မှမြတ်နိုးပါသည်။ အခုနောက်ပိုင်း Jungkook ကအရင်ကထက်ပိုပျော်လာသည်ဟုထင်ရသည်။ သို့သော်အတွင်းတစ်နေရာမှာတော့တစ်ယောက်သောသူအတွက်သိမ်းဆည်းထားသည့်ခံစားချက်တွေရှိနေနိုင်သေးကြောင်း Namjoon ရိပ်မိသည်။ ထို့ကြောင့် သူ Jungkook ကိုချစ်နေသေးသော်လည်းရှေ့ဆက်တိုးဖို့မကြိုးစားတော့ဘဲဒီအခြေအနေမှာပဲရောင့်တက်နိုင်အောင်အတတ်နိုင်ဆုံးကြိုးစားတော့လေသည်။

"အကိုပြောမလို့...ချာတိတ်ဖို့အလုပ်တစ်ခုတွေ့ထားတယ်"

"ဟင်...ဟုတ်လား ဘယ်မှာလဲအကို"

"စားသောက်ဆိုင်တစ်ဆိုင်မှာ...ဒါပေမယ့်ပင်ပန်းမယ်ထင်ပါတယ်ကွာ"

"အော် အကိုကလည်း ကျွန်တော်ကဘွဲ့ရပညာတတ်မှမဟုတ်တာ သက်တောင့်သက်သာအလုပ်တော့ဘယ်ရမလဲ"

မချိပြုံးလေးပြုံးကာပြောသည့် Jungkook ကြောင့် Namjoon စိတ်မကောင်းပါ။ ဘွဲ့ရမှပညာတတ်တာမဟုတ်၊လုပ်ငန်းကိစ္စတစ်ခုကိုသေသေချာချာစေ့စေ့စပ်စပ်လုပ်ကိုင်ဆောင်ရွက်နိုင်ရင်ပညာတတ်တာပဲ Namjoon ကမှတ်ယူထားသည်။ ဖြစ်နိုင်လျှင်အခုသူဦးစီးနေရသည့်အထည်စက်ရုံရှိရာထူးအမြင့်တစ်နေရာမှာ Jungkook ကိုလုပ်ကိုင်စေချင်သည်။ သို့သော် Jungkook ကဘယ်လိုမှလက်မခံတာကြောင့် Namjoon လက်လျော့လိုက်ရခြင်းဖြစ်သည်။

"အဲ့လိုမပြောပါနဲ့ချာတိတ်ရယ်...ဘွဲ့ရမဟုတ်ပေမယ့်ချာတိတ်ကပညာတွေအများကြီးတတ်ပါတယ်..."

𝑇ℎ𝑜𝑟𝑛𝑠Where stories live. Discover now