"အာ...Jungkook..."
Taehyung ကသူ့အားအော်ဟစ်နေသည့်မိန်းမထွက်သွားသောအခါဘာမှမဖြစ်သလို Jungkook အားနှုတ်ဆက်လေသည်...သူ့ပုံစံက Jungkook နဲ့အရမ်းခင်ပြီးတော့အခုမှပြန်တွေ့ရသည့်အသိမိတ်ဆွေတစ်ယောက်လိုပင်...ဘေးမှာလာရပ်ကာနှုတ်ဆက်သည့် Taehyung ကြောင့်စိတ်တိုသွားပေမယ့် Namjoon လည်းရှိနေတော့ရုပ်ပျက်ဆင်းပျက်မဖြစ်အောင်ဒေါသကိုထိန်းကာခေါင်းငုံ့နှုတ်ဆက်လိုက်သည်...
"ညီ့ရဲ့သူငယ်ချင်းထင်တယ်..."
Taehyung ကိုမြင်သောအခါ Namjoon ကပြုံးပြကာပြောသည်...
"ကျောင်းတုန်းကစီနီယာပါ..."
စားပွဲကနေအကြည့်မခွါဘဲစိုက်ကြည့်နေရင်း Jungkook ဖြေသည်...
"အော်...ထိုင်ပါဗျ ထိုင်ပါ"
Jungkook နဲ့သူနဲ့ကြားထဲကထိုင်ခုံကိုကမ်းပေးကာ Taehyung အားထိုင်ဖို့ Namjoon ပြောသည်...ထိုအခါ Taehyung ကလည်း Namjoon ကိုပြုံးပြကာထိုင်ခုံမှာဝင်ထိုင်လိုက်သည်...
"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က Kim Taehyung ပါ.."
Namjoon အားလက်လှမ်းရင်း Taehyung ပြောသည်...ထိုအခါ Namjoon ကလည်းပြုံးပြကာလက်ဆွဲနှုတ်ဆက်လေသည်...
"ဟုတ်...ကျွန်တော်က Kim Namjoon ပါ တွေ့ရတာဝမ်းသာပါတယ်"
Taehyung နဲ့ Namjoon လက်ဆွဲနှုတ်ဆက်ပြီးနောက်တွင်တော့စားပွဲမှာတိတ်ဆိတ်မှုကြီးစိုးသွားလေသည်...Jungkook ကလည်းဘယ်သူ့ကိုမှမကြည့်ဘဲကော်ဖီကိုသာတဖူးဖူးမှုတ်ကာသောက်နေလေသည်...Namjoon နဲ့အတူတူရှိတုန်းကသက်တောင့်သက်သာရှိသလောက် Taehyung ရောက်လာသည့်အခါတွင်တော့ Jungkook စိတ်ရှုပ်လာလေသည်....
"Jungkook....စျေးလာဝယ်တာလား..."
တိတ်ဆိတ်မှုကို Taehyung ဘက်ကစပြီးဖြိုခွဲလိုက်လေသည်...
"အွန်း..."
Taehyung ရဲ့မေးခွန်းကို Jungkook တိုရင်းလိုရင်းစိတ်မပါစွာဖြေပြီးသည့်နောက်တွင်တစ်ဖန်ပြန်လည်၍တိတ်ဆိတ်သွားပြန်သည်...
"ဒါနဲ့ Taehyungshi က Jungkook ထက်ဘယ်နှနှစ်ကြီးတာလဲဗျ"
"တစ်နှစ်ပါ..."
"အာ...ဟုတ် ကျွန်တော့်ထက်ငယ်တာပဲ အဆင်ပြေသလိုခေါ်ပါ အရမ်းကြီးယဉ်ကျေးစရာမလိုပါဘူးဗျ"