Part-6

1.2K 185 32
                                    

"ဟေ့ကောင် Taehyung!!Taehyung!!"

အတန်းထဲကိုပြေးဝင်လာကာအော်နေသည့် Parksoo ကြောင့် Taehyung မျက်မှောင်ကြုတ်လိုက်မိသည်...

"ဟာ...ဘာလဲကွာ"

"ဟိုကောင်လေးလေ Jeon Jungkook လေ သူကျောင်းထွက်တော့မယ်တဲ့"

Parksoo ရဲ့စကားကိုကြားလိုက်ရသည့်အခါ Taehyung အံ့ဩသွားလေသည်...Jungkook ကသူ့အတန်းထဲမှာဆိုပထမအမြဲတမ်းရသလိုတစ်ကျောင်းလုံးရှိစာတော်တဲ့သူတွေထဲမှာပါလေသည်...ထိုလိုသူတစ်ယောက်ကကျောင်းထွက်မည်ဆိုတော့ Taehyung နားမလည်ကာအံ့ဩမိတာအမှန်ဖြစ်သည်...

"ဘာလို့တဲ့လဲ..."

"မသိဘူးလေ ငွေရေးကြေးရေးကြောင့်ဖြစ်မှာပေါ့ အခုရုံးခန်းထဲမှာတဲ့ သွားကြည့်မလား"

"ဟာ...ဘာလို့ကြည့်ရမှာလဲ သူ့ဘာသာကျောင်းထွက်တာငါနဲ့ဘာဆိုင်လဲ ထွက်ပလေ့စေပေါ့"

"ဟေ့ကောင် အခု Jeon Jungkook ကအရင်တုန်းကပုံစံနဲ့မတူဘူးဟ..."

"ဘယ်လိုမတူတာလဲ..."

"မင်းသိချင်တယ်မလား လိုက်ခဲ့စမ်းပါကွာ လာ..."

Parksoo က Taehyung ရဲ့လက်မောင်းကိုဆွဲကာထူလိုက်တာကြောင့် Taehyung လည်းမလိုက်ချင်လိုက်ချင်နဲ့လိုက်သွားရလေတော့သည်...ရုံးခန်းရှေ့ကိုရောက်တော့တံခါးပိတ်ထားတာကြောင့် Taehyung တို့အပြင်မှာပဲမတ်တပ်ရပ်နေကြလေသည်...အချိန်တခဏကြာတော့ရုံးခန်းထဲကနေ Jungkook ထွက်လာလေသည်...ရုံးခန်းတံခါးနဲ့မျက်နှာချင်းဆိုင်မှာလက်ပိုက်ပြီးရပ်နေသည့် Taehyung ကိုတွေ့သည့်အခါ Jungkook လန့်သွားကာခေါင်းငုံ့လိုက်လေသည်...Jungkook ကိုမြင်လိုက်ရသည့် Taehyung လည်းအံ့ဩသွားလေသည်...Jungkook ရဲ့မျက်နှာမှာအမာရွတ်တွေနဲ့ဖြစ်နေသလိုမျက်လုံးအောက်နားမှာလည်းဖူးယောင်နေကာနှုတ်ခမ်းထောင့်နားမှာလည်းကွဲကာသွေးစို့နေသလိုဖြစ်နေလေသည်...

"Jungkook...."

Taehyung အံ့ဩကာ Jungkook ကိုခေါ်လိုက်ပေမယ့် Jungkook ကတော့ Taehyung ကိုဦးညွှတ်အရိုအပေပေးကာဘာမှပြန်မပြောဘဲထွက်သွားလေသည်...

"တွေ့လား မင်းကိုငါပြောသားပဲ အရင်ကလိုမျက်နှာမဟုတ်တော့ဘူး ရန်ဖြစ်ထားတာထင်တယ် ဒါပေမယ့်သူကခပ်အေးအေးနေတတ်တဲ့ကောင်လေးပါ ဘယ်လိုဖြစ်တာလဲမသိဘူး"

𝑇ℎ𝑜𝑟𝑛𝑠Where stories live. Discover now