( Zawgyi )
-
-
-
ရန်ကုန် မြို့လယ်ခေါင်၏ နွေသည်
အရှိန်အဟုန် တိုး၍ လောင်ကျွမ်း ပူပြင်းလှ၏။
အင်းယားမြိုင်လမ်းမပေါ်တွင် တည်ရှိသော
ခြံကျယ်ကြီးက ခမ်းနားထည်ဝါ လွန်းသည် ။
ဖန်သား ခေါက်တံခါးဘက်ကို မျက်နှာမူ၍
နေနဲ့အတူ ပါဝင်လာသော နားငြီးခြင်းကို
ဖြေလျော့နေလိုက်၏။ ခြေထောက်အောက်ရှိ
ခင်းတုံးပါကေး ကို အကြောင်းမဲ့ စွာ
ပွတ်သပ် ဆောင့်ယူနေမိတယ် ။ ရင်ထဲက
ပူလောင်မှုကို ခေါင်းပေါ်ရှိ အိမ်တွင်း မီးဆိုင်း
-ကြီးများက ထပ်ကာ ပံ့ပိုးပေး သယောင် ။
ကတ္တီပါသားဖြင့် ချုပ်ထွင်းထားသော
ပန်း၏ ရိုးတံသဖွယ် ထိုင်ခုံကို
ဘယ်ညာလှည့် ၍ မာတာမိခင်မှာ
ထိုင်နေလေ၏။ သူ့ထံ စူးစိုက်ကြည့်လာတဲ့
မျက်ဝန်းများက ဓာတ်ပြားဟောင်းကြီးကို
လည်ပတ်စေပြီး အပ်ကြောင်းထပ်ဦးမည့်
အဖက်ဖက်သို့ တိမ်းစောင်းသွားသည် ။
အခု မေမေ့၏ အခန်းထဲမှာ သူ လာရောက်-
စနည်း နာနေရခြင်း ဖြစ်ပေ၏။ နား ၊ လက် နှင့်
လက်ကောက်ဝတ် ၊ လည်ပင်း အစရှိ
-သည်တို့၌ ပတ္တမြား အနီရည် တို့ဖြင့်
ခတ်ထားသည့် ကျောက်မျက် အဆင်တန်ဆာ
- များကို အကျီ ကြက်သွေးရောင်နဲ့
လိုက်ဖက်စွာ ဆင်ထားသည် ။ မေမေက
အရွယ်တင်သေးတော့ နှုတ်ခမ်း ရဲစိုစို နှင့်
လက်သည်း ၊ ခြေသည်း က အစ အနီမှ အနီ ။
အပြာဝတ်သည့် နေ့ဆိုလျှင်တော့
တစ်ကိုယ်လုံး အပြာရောင် တောက်အောင်
ကျောက်က အစ ပြောင်းလဲ ဆင်မြန်း၏။
အစိမ်းဝတ်သည့်နေဆိုလည်း ထိုနည်းတူ ။သူများတွေရဲ့ မဖြစ်မနေ နေ့စဉ် ဘဝ က
စားသည် ၊ အိပ်သည် ၊ အလုပ် လုပ်သည်
ဒီ နိယာမ တွေထဲက မထွက် ။
ဒေါ်တေးမိမိမောင် ၏ နေ့စဉ်အလုပ်က
အလှပြင်မယ် ၊ အလုပ် လုပ်မယ် ၊
ဝိတ်ချမယ် ၊ အသားအရေ ထိန်းသိမ်းမယ် ၊
ကျော့ကျော့လေး ဝတ်စား ဆင်ယင်မယ် ၊
အချစ်ဝတ္ထုတွေဖတ်ပြီး သေဆုံးသွားတဲ့
ကိုယ့် ဖခမည်းတော်ကို တမ်းတလို့
လွမ်းဆွေးပြမယ် ။ မြန်မာကားတွေ
အထပ်လိုက် ဌားကြည့်မယ် ။
အလကားနေရင်းသူ အမြင် မကြည်တာရှိရင်
အိမ်က သားဖြစ်သူကို မဲ မယ် ။
ဒါဘဲ သိတဲ့ ဘွားတော်ပေါက်စ ။
အရွယ်ကောင်းတုန်း နောက်အိမ်ထောင်
ပြုပါဆိုလည်း မပြုဘူး ။ လှချင်လိုက်တာမှ
ကမ်းတစ်ဖက်ကို လွန်လို့ ။ အိမ်ထောင်မပြုဘဲ
ဘာလို့ လှချင်ရသလဲ ဆို သူ လှတာကို
သူများ ငေးတာဘဲ လိုချင်တယ်တဲ့လေ ။
လာတော့ ကြိုက်စေချင်တယ် ။ ပြန်တော့
ကြိုက်ဖို့ စိတ်ကူး မရှိဘူး ဆိုဘဲ ။
လုပ်နေတာက လုပ်ငန်းရှင် ။ တစ်ပတ် ကို
ဒိုင်ဆီ လုပ်ကျွေးပေးတဲ့ နှလုံး ဖိုးက ဘဲ
မနည်းမနော ။ အပြင်းပြေ ကစားပါတယ် နဲ့
ရောသောချပြီး ပေးကမ်းပစ်တာ တစ်ပတ်ကို
၅၀၀ လောက် က အသာလေး ရှိတယ် ။
YOU ARE READING
မြိုင်ရာဇာ နဲ့ ပဝါပါး ( မြိုင်ရာဇာ နဲ့ ပဝါပါး )
Historical Fictionမြေပုံကျမ်း + တေးဆိုရိုးမောင် မြေပုံကျမ်း + တေးဆိုရိုးမောင် _______________ [ Zawgyi ] _ _ အချိန်တွေကြာလာတော့ အကြည့်ချင်းဆုံ. . မျက်လုံးချင်း စကားပြော တတ်လာတယ် ။ အချိန်တန်ရင်လေ မြေပြန့်ကို ပြန်ရမယ့် ခရီးသွား ဧည့်သည်မို့. . တစ်ရွာသား . . ရီးစား ထားရ...