4

232 38 31
                                    

( Zawgyi )

-

-

-

အကာအကွယ် မရှိတဲ့ အကောင်ပလောင်
-လေးတွေကို ငါ သိပ်သနားတာပဲ . . . ။
မိုးရွာလို့လည်း ထီးမိုးပေးမယ့် သူ မရှိ ။
နေပူလို့လည်း အရိပ်ပေးမယ့်သူ မရှိ ။
ဆောင်းခိုလို့လည်း တိုးဝင်စရာ
နွေးထွေးမှု နယ်မြေ မရှိ ။ နင်းချေသွားမယ့်
လူတွေရှိလည်း အားကိုးဖို့နှယ် အနိုင်နိုင် ။
အဲ့လိုပဲ ကိုယ့်ကိုကိုယ်တောင် မသိတဲ့
ခိုကိုးရာ မဲ့ မင်းကိုလည်း သနားသွားခဲ့တာကို
ငါကိုယ်တိုင် မသိခဲ့ဘူး ။ ဇွတ်တဇွတ်
တိုးဝင်လာတဲ့ ငါ့ဘဝက မပြည့်စုံမှန်း
မင်း သိတတ်စိတ် မရှိသေးလို့ပါ ။
ငါ့ကိုယ်ငါတောင် ကယ်တင် ဖို့ ခွန်အား
အလုံအလောက် မရှိခဲ့ပေမယ့် ငါက
မင်းကို ပစ်စလတ်ခတ် မလုပ်ပစ်ရက်ခဲ့ဘူး ။
ဘာကြောင့်လည်း လို့ မမေးပါနဲ့လား ။
အဖြေမရှိတဲ့ မေးခွန်းတွေက ငါ့ ပစ္စုပ္ပန်တိုက်ပွဲ
-မှာ စာမေးပွဲကျသွားလိမ့်မယ် ။

လေလွင့်နေတဲ့ အသံလှိုင်းလေးကို
စာနာနိုင်ဖို့ ငါ့ကို ဘယ် ဆရာသမား ကမှ
မသင်ပေးခဲ့ဖူးပါဘူး ။ ရှိနေတုန်းကြားသိရပြီး
လေမှာ တိမ်ကောသွားတဲ့ အသံလေးတွေက
ငါ့ နားထဲ ထပ်ခါ ထပ်ခါ မြည်ဟီးနေတယ် ။
ဟေ့. . . အရူးပါးလေး ရယ် ။
အချိန်တန် ပျောက်ကွယ် သွားမယ် ဆိုရင်
အရိပ်အဖြစ်မှ အဆင့် တက်မလာပါ နဲ့ ။
ကိုယ်ရောင် ကိုယ်ဝါ တောက်မယ့် အစား
သုည တန်ဖိုး နဲ့ ငါ့ ဘဝ ကို ဒီအတိုင်း
လွှတ်ထားပေးစေ ချင်လိုက်တာ ။ ငါ့ နားထဲ
မင်း အသံလေးတွေ မြုပ်ကွယ် သွားမယ့်
တစ်နေ့ရောက်ရင် ငါမနေတတ် ဖြစ်မှာကို
အရမ်းကြောက်တာ ဘဲ ။ တောရိုင်း မုဆိုး
ဆိုမှတော့ အမဲလိုက်တာလောက်
ဘယ် အရေးကြီးပါ့မလည်း ။ မင်း ပြေးမယ့်
အချဉ်းအရာ မှာ အဓိပ္ပါယ် ဖော်ရခက်တဲ့
အပြုံးတွေ ကိန်းအောင်းနေတာကိုတော့
စကားဝါ ပန်းတွေ က ငါ့ကို အသိမပေးခဲ့ဘူး ။

အထီးကျန်မယ့် တစ်ယောက်ထဲ  မင်းကို
ပျက်စီးသွားမှာ ကြောက်နေပေမယ့်
ငါ့ ဘဝ ကို တော့ ပြည့်စုံအောင်လုပ်ဖို့
အချိန်အကြာကြီး မေ့နေခဲ့တယ် ။
စကားဝါ မြေမှာ ကြီးပြင်းပေမယ့်
စကားဝါတွေရဲ့ အလှကို အဖတ်မလုပ်ဘဲ
မေ့ထားခဲ့တာ ။ ငါ့ လက်ထဲ ကြွေကျလာမယ့်
စကားဝါ တွေ ကို မခူးနိုင်ခဲ့တဲ့ အထိ
ငါဟာ စုတ်ချာလွန်းခဲ့တယ် ။ အောက်ပြည် မှာ
ရှင်သန်လာပုံရတဲ့ မင်းလို အသေးလေး က
သိပ်လှကြောင်းတော့ ငါ မငြင်းလိုပါဘူး ။
ငါ မခြွေယူပါဘဲ သက်ဆင်းလာတဲ့ မင်းကို
ငါ့ လက်ဖဝါး နဲ့ လွယ်လင့်တကူ ခံထားခဲ့မိတာ
ဘာ အတွက် တဲ့လည်း ။ ငါ မလိုချင်ရင်
မြေနီလမ်းပေါ် ပစ်ချလိုက်လို့
ရရဲ့သားနဲ့လေ ။ တစ်ပါး သူတွေ
နင်းခြေသွားမှာ မလိုလား ၍ ပဲ ထင်ပါတယ် ။

မြိုင်ရာဇာ နဲ့ ပဝါပါး ( မြိုင်ရာဇာ နဲ့ ပဝါပါး )Where stories live. Discover now