( Zawgyi )
-
-
-
ပက်ကြားအက်ရာ ခြောက်သွေ့ခြင်းပေါ်
ရွက်ဟောင်းတွေ တစ်လွင့်လွင့် ကြွေ ။
ခေါင်၏ အမြင့်သည် ပူပါသော်ငြား
အခေါ်အဝေါ်ဟာ ကဗျာဆန်လှတယ် ။
မြေသည် နီ၍ ၊ နက်နဲ ဥတုကို အံခဲလို့
စမ်းရေ တစ်ပေါက် လျှမ်းလျှမ်းတောက်၏။
အို. . . လေထဲက နွေ ။ပွင့်လင်းရာသီ ၊ ပန်းပိတောက် ချီ
ခမ်းမယ့် ရေပြင် ၊ သင်္ကြန်မိုး စွတ်ပျံ့လေစွ ။
တစ်လောက လုံး ရွှေဝါရောင် အဆင်းနဲ့
ထိန်ထိန်ညီးတယ် ။
တစ်ချိန်တုန်းက ဧည့်သည်လေးတစ်ယောက်
အဘယ်နန်းထဲ မာန်ဦးချီ. . .။
အို. . ဖုန်ထ တဲ့ နွေ ။မြေရောင် အိုးဘုတ် ၊ ရောင်ခြည်ကွယ်
နှီးခမောက် နဲ့ ၊ ဥသြ တို့ သံပြိုင် သီကာ
အဆင်းကြွယ်လွန်း လှ ။
ရဲရင့်တဲ့ လက်ပံပွင့်တွေ နေမှာဝေ ၊
အလှူပွဲသံတည့် ညံမစဲ . . .၊ တောင်သူ
လယ်သမား စုရုံး ငွေတော် ရွှင်ရ. . .။
အို. . . မြူဆိုင်းတဲ့ နွေ ။ညအခါမှာ ၊ လမင်း ဖြာ
တီးဝိုင်းပြည့်သိပ် ၊ သဘင်ရိပ် ဖြင့်
ရိုးရာဓလေ့ ထွန်းကားခဲ့တယ် ။
ဗုဒ္ဓသာသနာ ၊ အရောင်အဝါ တို့ စတင် ပျိုးရာ
ထနောင်းမြေ ။ ဆံရစ်ဝိုင်း တိုတို ၊
လုံချည် ကွက် ၊ လက်ရှည် ခါးလွတ် ၊
ရင်ဖုံးဝယ် ၊ ပါးပေါ်မယ် ရွက်ကြမ်းရည်ကျို ။
အို. . . ပေါက္ကံကပ်ရပ် စကားဝါနွေ ။နှစ်ကူးအခါ ၊ ညည် သမယ
အပျို ၊ လူပျို သံချပ် ထိုး၍... .
ဖူးစာဆုံရာ မွေးရပ်မြေ ။
အကျတန်ကူး ဆောင်ကာကူး
ရှေးဟောင်းအဘိဓာန် မပျက်ပျယ်ခဲ့ ၊
ယောင်းရင်း ၊ ယောင်းမ အတူတူ သွားရာ
အို. . . ဝေးရိပ် ရပ်က နှစ်သစ် နွေ ။လိမ္မော်နီရောင် ၊ မိုးတိမ်တွေအောက်
အသက်မွေးဝမ်းကြောင်း လမ်းမှာ
အမျိုးမျိုး ၊ အဖုံဖုံ လျောက်ကြလေ့ဝယ် ။
ဇင်ယော် ငယ် တို့ ကျက်စား ကလူ ရက် ၊
ငွေခြည် ထိုင်းတဲ့ တောင်ကျရေမှာ
ဖောဖောသီသီ သောက်သုံးကြမယ့်. . .
အို. . .အိပ်မက်ထဲက နွေ ။အစိမ်းသက်သက် နှလုံးသား ၊
အတွေ့အကြုံမရှိခဲ့တဲ့ ချစ်ခြင်းအမှု နဲ့ ၊
မလိုအပ်ခဲ့တဲ့ မေတ္တာမြေသို့
ကျူးကျော်ရစ်တယ် ။
မမြင်ဖူးလို့ ၊ မူးကို မြစ်ထင်ရမည်လား ။
မချစ်ဖူးလို့ ၊ ရိုးကို အင်း ထင်ရမည်လား ။
အို. . . ချစ်လှစွာသော နွေ ။
YOU ARE READING
မြိုင်ရာဇာ နဲ့ ပဝါပါး ( မြိုင်ရာဇာ နဲ့ ပဝါပါး )
Historical Fictionမြေပုံကျမ်း + တေးဆိုရိုးမောင် မြေပုံကျမ်း + တေးဆိုရိုးမောင် _______________ [ Zawgyi ] _ _ အချိန်တွေကြာလာတော့ အကြည့်ချင်းဆုံ. . မျက်လုံးချင်း စကားပြော တတ်လာတယ် ။ အချိန်တန်ရင်လေ မြေပြန့်ကို ပြန်ရမယ့် ခရီးသွား ဧည့်သည်မို့. . တစ်ရွာသား . . ရီးစား ထားရ...