( Zawgyi )
-
-
-
တောင်တော်ပုပ္ပါး ၊ ရွှေညာသားရဲ့
စကားဝါ သက်သေ ၊ ဝသုန်ဤမြေ ။
တမာပင်တန်း ၊ ထန်းပင်တန်း တို့
အထင်ကရ ဆင်မြန်း ၊ ပိတ်ပေါင်းသည် ။ခေါင်လွန် ကောင်းကင် ၊ ဝေပြာကြည်၍
သန့်စင်ခြင်းသို့ ၊ လွမ်းမောဖွယ် ။
တောင်လုံးလွှမ်းခြုံ ၊ ရနံ့လှိုင်ငြိုး
လာသူ ဧည့်တို့ ငေးရှုလေ ။ပေါက်ကံမိတ်ဆွေ ၊ ရှေးဟောင်းပုထိုး
နတ်တို့ စံစား ပျော်ရာ ၊ ချစ်ပုပ္ပါး ။
နေညိုညို မှာ ၊ တိမ်ဆိုင်အလှ ပြိုင်ဘက်ကင်း
မိုးမြေ သင်းရနံ့၊ရောထွေး ကြည်နူးပါစေသား ။စီကာပတ်ကုံး ၊ မြေနီဆွေးဆွေး
အမှတ်တရတွေ နဲ့ တောင်မ ကြားမယ်
ကိုရင် ဆွေးလို့ ၊ တသသ ငို
ကြိုဆိုပါ၏။ စကားဝါ မြေ ။အစဉ်အလာ ၊ ထင်ကာရှား
မဟာဂီရိ မှ ၊ သူယောင်မယ် တို့ ။
ရာဇဝင်လာ ပုဂံမင်းဆက် ၊
ရင်ဝယ်သားပမာ ၊ အလေးထား ။
စုံတောမြိုင်မြိုင် နွေးရိပ် လှိုင်. . .
အခါတန် စိုး ၊ ဘယ်ဝယ် ပျိုး ။စမုံ ၊ စမြိတ် နှင့် ဖိုးဥမောင်
ရှေးကျ ပျူခေတ် ၊ ဝေဒနာ နှေးကွေး ။
တောင်ထွတ် တောင်စွယ် ၊ ငေါ့ငန်းပါမှ
ပင်လယ်ရေ မျက်နှာပြင်ထက် အမြင့်ပေ ။အမောင့်ခြေရာ ၊ ရွာရိုးတစ်တန်း
ပင်စည်ညိုများ ၊ ကွယ်ရာမနှေး ။
အမယ် ပုန်းပုန်း ၊ အမယ် ပြေးပြေး
တောင်ကြီး ၊ တောင်ကလပ် သို့
မောင့်အချစ်များ ဌာပနာ ။သမိုင်းထိုးဖောက် ၊ တောရွာဓလေ့ ဖြင့်
သရေခတ္တ္တရာကို နှောင်းဦးစောလည်း
ဖြေရန်စကား မရှိလေ ။ တစ်မည်ကျော်ပုပ္ဖဂီရီ ၊
ကျေးသံလွင် ပြောင်း ကာ ပ ၊
ပန်းတို့စံပျော် ၊ အရိုင်းတောင် ။ခေါင်နန်းပလ္လင် ၊ အမွေအနှစ် ထွင်းထု ဝယ်
လက်ရာမြောက်သော လှည်းဝင်ရိုး ။
အိုးဘုတ် ၊ တစ်ပတ်လျှို ဈေးမှာညို ၊
ဓနိအိမ် တဲတန်း ၊ သာလေစွမို့ ၊
ဖိုးခေါင်အော်သံ မြူးလှသည် ။ကောက်စိုက်မယ် တွေ ၊ လုံချည်ခွေ
ခမောက်ခေါင်းဆောင်း ၊ နေရီလောင်း ။
လယ်ကွင်းစိမ်းစို ၊ ခြေတိုဖိနပ်
ဓလေ့ အရိုက်ရာ ကြမ်းတမ်းလှသည် ၊
ပါးပြင်ထက်မှ ပါးကွက်တွေ ။
YOU ARE READING
မြိုင်ရာဇာ နဲ့ ပဝါပါး ( မြိုင်ရာဇာ နဲ့ ပဝါပါး )
Historical Fictionမြေပုံကျမ်း + တေးဆိုရိုးမောင် မြေပုံကျမ်း + တေးဆိုရိုးမောင် _______________ [ Zawgyi ] _ _ အချိန်တွေကြာလာတော့ အကြည့်ချင်းဆုံ. . မျက်လုံးချင်း စကားပြော တတ်လာတယ် ။ အချိန်တန်ရင်လေ မြေပြန့်ကို ပြန်ရမယ့် ခရီးသွား ဧည့်သည်မို့. . တစ်ရွာသား . . ရီးစား ထားရ...