( Zawgyi )
-
-
-
မပြည့်စုံဘူး. . .ဒါပေမယ့်
မင်း ပါဝင် ရုန်းကန် ရလောက်အောင် အထိ
ငါ အတ္တမကြီးဘူး. . .။ တွက်ကပ် တတ်တဲ့
စိတ်က မင်းအပေါ် မရှိပါဘူးဆို
ဘာကြောင့် ရင်ကို ခွဲမယ့် စကားတွေ
ပြောရတာလည်း. . .။ မနင်းရက်လို့
ပန်ဆင်ခဲ့တယ်. . . ခေါင်းပေါ်က ခုန်ချဖို့
ကြံစည်နေတဲ့ မင်းက အပြုံးလှလှ နဲ့
ငါ့ကို နှစ်သိမ့်တယ် ။ နောက်ကြောင်းမရှိတဲ့
အညတရ ပေမယ့် ကိုယ့်ကိုကိုယ်
အနူလက်လို့ ယူဆပြီး မင်းကို ရွှေခွက်အဖြစ်
သတ်မှတ်ခဲ့တာ. . ကြုံရာ လက်တွေ
လာ ထိဖို့မဟုတ်ဘူး ။ ငါက ရွှံ့တောထဲ ရှိ
ဗွက်တစ်ခုမို့ မင်းအတွက် စမ်းချောင်းတစ်ခုလို
ဘယ်တော့မှ ကြည်လင်ပေးနိုင်မှာ မဟုတ်တာ
သိသားနဲ့ ဒီရွှံ့ကိုမှ တည့်တည့်မတ်မတ်
လာ လူးခဲ့တာ မင်း. . .။ ရေကြည် မတွေ့တော့
ငါ့လိုအိုင်မှာ မင်း ခြေဆေးမယ် ။ ရေကြည်တွေ့တော့ ငါ့လို အိုင်ကို မေ့ပြီး မင်း သောက်
-သုံးခြင်း အထိ ပြုမှာဘဲ ။ ငွေ မရှိသော
အောက်ခြေဘဝမှာ မ နေနိုင်ပါရဲ့သားနဲ့
ဘာလို့များ ငါ့ကို အပူတွေ လာပေးရတာလဲ ။ချည်တိုင်မှာ ကြိုးနဲ့ အတုတ်ခံထားရတဲ့
နွားက မင်း လိုချင်လှချည်ရဲ့ ဆိုတဲ့
ကောင်းကင်ကို ကျောခိုင်းထားတာ ။
ရအောင် ယူပေးဖို့ မပြောနဲ့. . .
မော်ကြည့်ခွင့်တောင် ငါ့မှာ မရှိဘူး ။
ရေလုံပြုတ် လောကထဲကို တိုးဝင်မှတော့
ဆန်ကြမ်း စားရဲရမှာပေါ့ကွာ ။ မမှီနိုင်တဲ့ မိုးပေါ်က ကြယ်တွေကို ခူးဆွတ် မပေးနိုင်သော်ငြား
ဖြစ်တည်နေမှု အရေးအရာ မှာ ငါ တတ်နိုင်တဲ့
ပန်းတွေကိုတော့ တုံးခုပြီး လှမ်းပေးလို့ရတယ် ။ လမ်းဘေးပန်းတွေ ပေါလွန်းပါတယ်
မင်း လက်ညှိုးကို ကြိုက်ရာ ညွှန်လိုက်
အရာရာ မင်းအတွက် ဖြစ်စေရမယ် ။
ငါ လှမ်း မမှီတဲ့ သဇင် ပန်းကိုတော့
ရှောင်ပေးပေါ့ အသေးလေးရာ ။
ငါ့ရင်ထဲကို ဝေဒနာ ပေးသွားတာက
ခရီးသည် ပဝါပါး လေး ဖြစ်ပြီး
ငါ့ ဘဝကို လာရောက် လှုပ်ခတ်တာက
မင်းဆိုတဲ့ ဧည့်သည်လေး ဖြစ်နေခဲ့တယ် ။ငါ့ အခြေအနေ က ရေသန့်လေး ကိုင်ပြီး
ဆုတောင်းလိုက်ရုံ နဲ့ လက္ဘက်ရည်
ဖြစ်လာမယ့် ဇာတ်လမ်း မဟုတ်သလို. . .
ခွက်တစ်လုံး ခံပြီး မိုးမျှော်လိုက်လို့
ရွှေတွေ ရွာကျလာမယ့် ပုံပြင် မဟုတ်ဘူး ။
မင်း ခုန်ဆင်းလာတဲ့ ငါ့ လို ချောက်ထဲက လူက
မင်း အချိန်တန် ပြန်တက်ချင်တယ် ဆိုရင်
လှေကားထောင်ပေးလို့ရတယ် ။ ငါ တတ်နိုင်တာ ဒီလောက်ပဲ မို့ မင်း ဘာကိုမှ ထပ်ပြီး
မမျှော်လင့်ပါနဲ့ ။ ဆူးခင်းလမ်းကို သွားရင်
အဆူး ဆူးမှာ မင်းသိတာဘဲ ။ ရေကန် ထဲကို
ဆင်းရင် ရေစိုမယ်ဆိုတာလည်း မင်းသိတယ် ။
ရေကို နမ်းချင်ရင် ဘာနံ့မှ မရဘူးဆိုတာ
သိဖို့လိုတယ် ။ အဲ့လိုဘဲ ငါ့ကို တွယ်ငင် နှောင်ရစ် ရင်လည်း မင်း ဆုတ်ယုတ်သွားမယ် ဆိုတာ မင်းသိကို သိရမယ် ။
YOU ARE READING
မြိုင်ရာဇာ နဲ့ ပဝါပါး ( မြိုင်ရာဇာ နဲ့ ပဝါပါး )
Historical Fictionမြေပုံကျမ်း + တေးဆိုရိုးမောင် မြေပုံကျမ်း + တေးဆိုရိုးမောင် _______________ [ Zawgyi ] _ _ အချိန်တွေကြာလာတော့ အကြည့်ချင်းဆုံ. . မျက်လုံးချင်း စကားပြော တတ်လာတယ် ။ အချိန်တန်ရင်လေ မြေပြန့်ကို ပြန်ရမယ့် ခရီးသွား ဧည့်သည်မို့. . တစ်ရွာသား . . ရီးစား ထားရ...