Zawgyi
'ဟေ့ကောင် ရိပေါ် မင်းဟိုနေ့က သွားကြည့်တာဘာတွေ့ခဲ့လဲ'
'ဘာမှမတွေ့ပါဘူးကွာ'
'မင်း တစ်ခုခုတွေ့ခဲ့တာ ငါတို့သိတယ်နော် ..
မဟုတ်မှ သူယောင်မယ်လေး တွေ့ခဲ့လို့လား'
'အေးလေကွာ အချင်းချင်းတွေကို ပြောပြပါ မင်းကလည်း''အေးကွာ တွေ့ခဲ့တယ် ဒါပေမဲ့ မင်းတို့ပြောတဲ့ သူယောင်မယ်တော့ မဟုတ်ဘူး ငါတွေ့ခဲ့တာ သူယောင်ထီးလေး'
'ဘယ်လို ဘယ်လို'
'ဟုတ်တယ် ရွာထဲကကောင်လေးတစ်ယောက်ပါကွာ သူငယ်ချင်းတွေနဲ့ တောလည်လာတာ အဲ့ဒါ သူ့သူငယ်ချင်းတွေနဲ့ ကွဲသွားလို့ အော်ငိုနေတာ'
'နေပါအုံး အဲ့ကောင်လေးကဘယ်သူတုန်း'
'နာမည်က ရှောင်းရှောင်းဆိုလား ကျန့်ကျန့် ဆိုလားပဲ မသိပါဘူး'
'အော်သိပီ ဈေးသည်အိမ်က ကောင်လေးမလား'
'အင်း '
'ဒါနဲ့ ဟေ့ကောင် အဲ့ကလေးက ယောင်္ကျားလေးသာပြောတယ် နုနုဖတ်ဖတ်လေးနဲ့ တကယ်ကို မထိရက်မကိုင်ရက်လေး..
ငါသာ ညီမရှိလို့ကတော့ သူနဲ့ ပေးစားပစ်မှာ သိလား'
'အေးမင်းပြောတာဟုတ်တယ် ငါလည်းငါ့ညီမနဲ့ အောင်သွယ်ပေးအုံးမှပဲ'' *လူကသာ အနူ စားချင်တာက တူနဲ့* ဆိုတာ မင်းတို့ပဲ သူတို့နှမတွေကဖြင့် ဂျမ်းတောရုပ်တွေနဲ့ မတန်မရာမှန်းချင်သေးတယ်'
'ငါတို့က သဘောပြောပြတာပါကွာ.. မင်းကဘာကိစ္စအဲ့လောက်ဒေါသထွက်နေရတာလဲ..
မသိရင် ငါတို့က မင်ရည်းစားလုနေသလိုပဲ''ဘယ်မှာ ဒေါသထွက်လို့လဲ ငါက ဒီအတိုင်း မင်းတို့နားလည်အောင် ရှင်းပြရုံတင်'
'အေးပါကွာ မဟုတ်ရင်လည်း ပီးရော'
..........................................................................
'သားသားရယ် နည်းနည်းလေး ထပ်သောက်လိုက်ပါအုံး'
'တော်ပါပီဆို မေမေကလည်း ဟင့်'
YOU ARE READING
My potato (ကိုယ့်ရဲ့အာလူးလေး)[Z+U](completed )
Short Storyအမြဲတမ်းစွာစိလန်နေတဲ့ မင်းနှုတ်ခမ်းလေးကို ကိုက်စားပစ်ချင်တယ် -ဝမ်ရီပေါ် ကျွန်တော့်ကို အမြဲတမ်း ငိုအောင်စတဲ့ ခင်များကြီးကို အမြင်ကပ်တယ် -ရှောင်ရှောင်းကျန့် အမြဲတမ်းစွာစိလန်နေတဲ့ မင်းနှုတ်ခမ်းလေးကို ကိုက်စားပစ်ချင်တယ် -ဝမ်ရ...