Zawgyi
'အမေ တကယ်ပြောတာနော်'
'တကယ်ပေါ့ သားရဲ့...
သားငယ်လေးတို့ဘက်ကလည်း ရိပေါ်လေးနဲ့ဆို ငြင်းစရာအကြောင်းမရှိပါဘူးတဲ့''ဟား...ဝမ်းသာလိုက်တာဗျာ'
'အိမ်ရှင်တို့ အိမ်ရှင်တို့'
'ဟင်...အိမ်ရှေ့မှာ ဘယ်သူတွေလဲမသိဘူး သား ခဏလောက်သွားကြည့်ပါအုံး'
'ဟုတ် အမေ'
'ရိပေါ် နေနေ ငါပဲ သွားကြည့်လိုက်မယ်'
'အံမယ် ကျဲ နင်ခုတလော အလိုက်သိနေပါ့လား'
'နင်က အခုမှ အကောင်းမြင်တတ်နေတာကို'
'အော် ဒီ၂ယောက်ကတော့ တွေ့တာနဲ့သတ်ပီ..ကဲ ၂ယောက်စလုံးနေတော့ အမေပဲ သွားကြည့်တော့မယ်'
'ရတယ် မေမေ သမီးပဲ သွားလိုက်ပါ့မယ်'
'အေးအေး အဲ့တာဆိုလည်းမြန်မြန်သွားလေကွယ်...ဟိုမှာစောင့်နေရတာ အားနာစရာ'
'ဟုတ်'
~~~~~~~
'ဟင်..ကျဲ ဘယ်က..ဘယ်လို...ဒါကဘယ်သူတွေလဲ'
'အဲ့ဒါ ယွီယောက္ခမတွေလေ..ကဲပါ နောက်မှသေချာမိတ်ဆက်ပေးမယ်..ခုတော့ အိမ်ထဲအရင်ဝင်ပါရစေ..နေအရမ်းပူလို့'
'ဟမ်..အော်..လာလေ..ဦးလေးနဲ့ဒေါ်လေး အိမ်ထဲဝင်ပါအုံးရှင့်'
'အေးပါကွယ်'
'မေမေ ဒီမှာ ဧည့်သည်တွေ '
'အော် ..လာပါ..ထိုင်ကြပါအုံး...သမီးရေ..မုန့်နဲ့အအေးလေးယူခဲ့ပါအုံး'
'ရပါတယ်ရှင် အားနာစရာ'
'အားနာစရာမလိုပါဘူး...ဒါနဲ့ ညီမတို့က ဘာကိစ္စများရှိလို့လဲ မသိဘူး'
'ဒါက ..ဒီလိုပါ..
ကျွန်မတို့ရဲ့ သမီးလေးက ..ဒီကအမဝမ်ရဲ့သမီး ယွီလေးကို..သဘောကျလို့ လာတောင်းပေးပါဆိုလို့...အဲ့ဒါ..ကျွန်မတို့...ဒီကသမီးလေးကို..လာပီးတောင်းရမ်းတာပါ'
YOU ARE READING
My potato (ကိုယ့်ရဲ့အာလူးလေး)[Z+U](completed )
Cerita Pendekအမြဲတမ်းစွာစိလန်နေတဲ့ မင်းနှုတ်ခမ်းလေးကို ကိုက်စားပစ်ချင်တယ် -ဝမ်ရီပေါ် ကျွန်တော့်ကို အမြဲတမ်း ငိုအောင်စတဲ့ ခင်များကြီးကို အမြင်ကပ်တယ် -ရှောင်ရှောင်းကျန့် အမြဲတမ်းစွာစိလန်နေတဲ့ မင်းနှုတ်ခမ်းလေးကို ကိုက်စားပစ်ချင်တယ် -ဝမ်ရ...