🌿MP-2🌿

2.2K 146 0
                                    

Zawgyi

'​ရော့ နင်​စားချင်​တဲ့မုန့်​'

'​အောင်​မ​လေး ​ဖြေး​ဖြေးလုပ်​ပါဟယ်​ ​ဈေး​လေးတစ်​ခါဝယ်​ခိုင်းမိပါတယ်​ လငမုတ်​ ဖမ်းထားတဲ့အတိုင်း ရုပ်​က မဲသဲ​နေတာပဲ'

'ယွီယွီမ ငါ့​ဒေါသ​တွေ နင့်​ဆီ​ရောက်​သွားမယ်​​နော်​ ရင်​ထဲမှာ ပန်း​တွေပွင့်​​နေတာ'

'ဟင်​ ​ဒေါသထွက်​ရင်​ ဒူးရင်းသီး သီးရမှာမဟုတ်​ဘူးလား'

'ငါ့ဘာသာသီးသီး ပွင့်​ပွင့်​​ပေါ့ဟာ လျှာ​ရှည်​လိုက်​တာနင်​ '

ဟုတ်​တယ်​ ​ဟိုက​လေး​ကြောင့်​ ​ဒေါသထွက်​​နေပါတယ်​ဆို သူက အသီးအပွင့်​လာ​ရွေး​နေ​သေး ကိုယ့်​ဘာသာ သီးသီးပွင့်​ပွင့်​ ​ပေါ့

'ဟွန့်​ ငါက မှား​နေလို့လည်း​ပြောပြရ​သေး ဒါနဲ့ ဘာဖြစ်​လာတာတုံး နင်​က'

'ဘယ်​ဖြစ်​ရမှာတုန်း ​ဈေးသည်​အိမ်​က ဟာ​လေး​ကြောင့်​​လေ '

'ဘယ်​သူ..​အော်​...သိပြီ သိပြီ ဘာဖြစ်​လို့လဲ သူက...က​လေးက သွက်​သွက်​လက်​လက်​နဲ့ ချစ်​စရာ​လေးပါ'

'ဘာချစ်​ဖို့​ကောင်းတာလဲ စွာလိုက်​တာလွန်​​ရော ငါ့ကိုရန်​​တွေ့လွှတ်​တာများ နှုတ်​ခမ်းကိုလန်​​နေတာပဲ ​နောက်​ပီး သရုပ်​​ဆောင်​ကလည်း​တော်​ချက်​ သူသာ မင်​သားလုပ်​လို့က​တော့ ​ပြေတီဦးတို့ ​နေတိုးတို့ စားခွက်​​ပျောက်​မှာ အ​သေအချာပဲ'

'အယ်​..အယ်​ 
နေပါအုံး..​နေပါအုံး
သူများအ​ကြောင်းဆို ၄ ခွန်းပြည့်​​အောင်​မ​ပြောတတ်​တဲ့ ဝမ်​ရီ​ပေါ် ကြီး ဘယ်​​ရောက်​သွားပါလိမ့်​ အခု​တော့ ဟိုက​လေး အ​ကြောင်း​ပြော​နေတာများ ပါးစပ်​​တောင်​ အမြှုပ်​ထွက်​​တော့်မယ်​'

အောင်​မ​လေး လာကြည့်​ကြပါအုံး ​နေမ​ကောင်းတဲ့ရုပ်​တဲ့ စပ်​ဖြဲဖြဲနဲ့ ​အေး​အေးခိုင်​ရုပ်​... ​ပေါ​ကြောင်​​ကြောင်​နဲ့ ငါ့အမအရင်း​ရောဟုတ်​ရဲ့လား...အ​မေ ​ချောင်းထဲက ​ကောက်​​တွေ့လို့ ​မွေးစားထားတာများလား ပုံဆိုးပန်းဆိုးနဲ့...​နောက်​မှ အ​မေ့ကို ​သေချာ ​မေးကြည့်​ရမယ်

My potato (ကိုယ့်​ရဲ့အာလူး​လေး)[Z+U](completed )Where stories live. Discover now