Zawgyi
'သားရီးတို့ ငါတို့အဖွဲ့တော့ လူတစ်ယောက် လျော့တော့မယ်ထင်တယ်'
'ဘာလို့တုန်းဟ'
'ငါတို့အဖွဲ့ထဲက ဘယ်သူလဲမသိပါဘူး..ဒီနေ့ သူ့ပါရမီဖြည့်ဖက်လေးနဲ့ နှစ်ယောက်တည်း တောလည်သွားတယ်ဆိုပဲ'
'ဟာ...ဟေ့ကောင်တွေ မင်းတို့ ငါလာမှ ဘာပေါက်ကရတွေ လျှောက်ပြောနေတာတုန်း'
'ပေါက်ကရမဟုတ်ပါဘူး အမှန်အကန်တွေ..
မင်းဒီနေ့ ဟိုကလေးနဲ့ တောလည် သွားတယ်တဲ့ ဒေါ်လေးကပြောတာ''အဲ့ဒါ သူနေမကောင်းတုန်းက လိုက်ပို့မယ်ပြောထားလို့ပါကွာ'
'ဒါများ ငါတို့နဲ့မှ သွားလည်းရပါတယ်ကွ' 'အေးလေ'
'လူအများကြီးနဲ့ဆိုတော့ သူကြောက်နေမှာဆိုးလို့ပါဟ'
'ကြောက်ရအောင် သူက..ကလေးလေး မလို့လား'
'သူက ကလေးမဟုတ်ပေမဲ့ မင်းတို့က လူကြမ်းကြီးတွေလေ'
'မင်း..'
'မဟုတ်လို့လား မင်းတို့ရုပ်တွေမြင်ပီး ငါ့ကလေး လန့်သွားရင် ဘယ်လိုလုပ်မလဲ'
'အောင်မလေး အခုမှ ငါ့ကလေး ငါ့ကလေး နဲ့ တော်တော်ဖြစ်နေ ငါတို့မေးတုန်းကတော့ မဟုတ်ဘူးလေး ဘာလေးနဲ့ '
'ဖြစ်တော့ ဘာဖြစ်လဲ မင်းတို့တောင် ငါလိုရှိ့လို့လား '
'အေးပေါ့ကွာ မိုးကောင်းတုန်းတော့ ရွာထားအုံးပေါ့...
ငါတို့အလှည့်ကျမှ မုန်တိုင်းပါတိုက်ပစ်မယ်''ကြိုက်မဲ့သူရှိအောင်ပဲ အရင်လုပ်ပါအုံး '
'စောင့်ကြည့်နေလိုက် မင်းရှေ့ကို တစ်ဖက် တစ်ယောက်တွဲလာပြမယ်'
'ဘာလဲ မင်းက မစွံတဲ့အပြင် ဒုက္ခိတ ပါဖြစ်သွားအုံးမယ်ပေါ့ ဟား..ဟား.'
'အေးပါ ရယ်ထားကြပါ နောက်မှ အကိုကြီးရေ နည်းလမ်းလေး ပေးပါအုံးခင်မျာ ဆိုလို့ကတော့ ကန်လွှတ်လိုက်မယ် '
YOU ARE READING
My potato (ကိုယ့်ရဲ့အာလူးလေး)[Z+U](completed )
Historia Cortaအမြဲတမ်းစွာစိလန်နေတဲ့ မင်းနှုတ်ခမ်းလေးကို ကိုက်စားပစ်ချင်တယ် -ဝမ်ရီပေါ် ကျွန်တော့်ကို အမြဲတမ်း ငိုအောင်စတဲ့ ခင်များကြီးကို အမြင်ကပ်တယ် -ရှောင်ရှောင်းကျန့် အမြဲတမ်းစွာစိလန်နေတဲ့ မင်းနှုတ်ခမ်းလေးကို ကိုက်စားပစ်ချင်တယ် -ဝမ်ရ...