🌿MP-7🌿

1.2K 109 2
                                    

Zawgyi

'ရိ​ပေါ် နင်​က ငါ​မေးတုန်းက​တော့ မ​ဖြေချင်​သလိုလို ​ဖြေချင်​သလိုလိုနဲ့ အခုကျ​တော့ ​ဆွေးပြမျိုးပြ​တောင်​​ခေါ်လာပီ...

ဒီက ​မောင်​​လေးက ကျန့်​ကျန့်​​​လေး မဟုတ်​လား.ချစ်​ဖို့​ကောင်းလိုက်​တာ
ပါး​လေးကို​ဖောင်း​နေတာပဲ ကိုင်​ကြည့်​လို့ရမလား'

'ဘာကိုင်​မှာလဲ မကိုင်​နဲ့ နင်​အား​နေတာမလား  အ​မေ့ကို အလုပ်​သွားကူလုပ်​ချည်​'

'​အေးပါ သွားမှာပါ..သူ့ဟာ​​လေးကို တွန့်​တို​နေလိုက်​တာ ငါက ကိုက်​စားမှာ ကျ​နေတာပဲ ဟွန့်​..

အယ်​..​မေ့​တော့မလို့ ​ကျန့်​ကျန့်​ကို နင့်​အခန်းထဲ​ခေါ်သွား​လေ'

'ဗျာ' 'ငါက အခန်းထဲ ဘာကိစ္စ ​ခေါ်ရမှာတုန်း နင်​ဟာ​လေ မိန်းက​လေးဖြစ်​ပီး မ​ပြောရဲတာကို မရှိဘူး'

'ဟဲ့ နှစ်​​ယောက်​စလုံး  အ​တွေးလွန်​မ​နေကြနဲ့.. ငါ​ပြောတာက ကိုယ့်​ချစ်​သူကို ကိုယ့်​အခန်းက ဘယ်​လိုပုံစံ​ရှိတယ်​ ဘာညာ သိ​​အောင်​ ​ခေါ်သွားခိုင်းတာ တစ်​ကယ်​ပဲ ​တွေးလိုက်​ရင်​တစ်​ဆုံး'

'အစကတည်းကအဲ့လို ရှင်းရှင်း ​ပြောပါ့လား'

'ငါ​ပြောတာ ရှင်းရှင်း​လေး နင်​ကသာ ​တွေးချင်​ရာ​တွေး​နေတာ​လေ မဟုတ်​မှ နင်​ က​လေးကို ဟိုဒင်း ဟိုဟာ..'

'​တော်​..​တော်​ကြပါ​တော့ဗျာ ငြင်း​မ​နေပါနဲ့ ခင်​များကလည်း လာ​လေ ဘာလုပ်​​နေတာလဲ သွားမယ်​'

'ဘယ်​သွားမှာလဲ'

'ခင်​များအခန်းထဲကို'

'ဟမ်​'

' အခန်းထဲသွားပါမယ်​ဆိုမှ'

'တကယ်​..တကယ်​သွားမှာလား'

'အင်း​လေ လာပါ မြန်​မြန်​ '

ဒီက​လေး မ​ကြောက်​မလန့်​နဲ့ လူကို အခန်းထဲ ဇွတ်​​ခေါ်​နေတယ်

My potato (ကိုယ့်​ရဲ့အာလူး​လေး)[Z+U](completed )Where stories live. Discover now