Zawgyi
'အဲ့ဒီလူ မဟုတ်လား'
'ဟမ်'
'ကျဲမြင်လိုက်တယ်'
'မဟုတ်မှ ချောင်းကြည့်နေတာများလား'
'ဟီး...ခဏလေးပါ ဘယ်လိုပုံစံလဲသိချင်လို့'
'ဘယ်လိုလဲ ကျန့်ကျန့်ကိုကိုက'
'ရှယ်ချော အသေမိုက်'
'ဟိဟိ'
'ကျန့်ကျန့်တို့များနော် ဘယ်အချိန်ကတည်းက အဖြေပေးချင်နေလဲ မသိပါဘူး...
ဟိုက မျက်နှာလေးလဲ ညိုးသွားရော တစ်ခါတည်းကို ပေးလိုက်တော့တာပဲ''ချစ်တာကိုး..
ဒီခံစားချက်တွေကို ကျယ်ကျဲတို့လို (single )လေးတွေကတော့ နားလည်မှာမဟုတ်ပါဘူး.''အမလေး လူကိုနှိမ်လိုက်တာများ...ဒီကအပူမရှာချင်လို့ပါနော်'
'မစွံတဲ့သူတွေကတော့ အဲ့လိုပြောကြတာပါပဲ ခ်ခ်'
'ဒီကလေးကတော့ ...'
~~~~~~~~~~~~~~~
'သားသားရေ'
'ဗျာ '
'ခဏလာပါအုံး'
'ဟုတ် လာပီ မေမေ '
'ကျယ်ကျဲ ကျွန်တော် မေမေ့ဆီ ခဏသွားလိုက်အုံးမယ်'
'အင်း..အင်း..'
'မေမေ သားသား လာပီ'
'အော်..လာပီလား'
'ဟုတ် မေမေ ဘာခိုင်းမလို့လဲ'
'မေမေ မနက်ဖြန် သားရိပေါ်တို့ကို ထမင်းစား ဖိတ်မလို့လေ..အဲ့ဒါ သားသား သွားဖိတ်ပေးပါအုံး'
'ဒီနေ့ သွားဖိတ်ရမှာလား'
'အင်းပေါ့ ညနေ သွားဖိတ်လိုက်...
သားကျယ်ကျဲကိုတော့ ခေါ်မသွားနဲ့တော့နော် နားပါစေအုံး..ဟုတ်ပီလား'ဟုတ်ကဲ့'
~~~~~~~~~~~~~~~
'ဘာတဲ့လဲ တီလေးက'
'ကိုကိုတို့အိမ်ကို ထမင်းစားဖိတ်ခိုင်းတာပါ'
'ဟုတ်လား ဘယ်အချိန်သွားဖိတ်ရမှာလဲ'
YOU ARE READING
My potato (ကိုယ့်ရဲ့အာလူးလေး)[Z+U](completed )
Nouvellesအမြဲတမ်းစွာစိလန်နေတဲ့ မင်းနှုတ်ခမ်းလေးကို ကိုက်စားပစ်ချင်တယ် -ဝမ်ရီပေါ် ကျွန်တော့်ကို အမြဲတမ်း ငိုအောင်စတဲ့ ခင်များကြီးကို အမြင်ကပ်တယ် -ရှောင်ရှောင်းကျန့် အမြဲတမ်းစွာစိလန်နေတဲ့ မင်းနှုတ်ခမ်းလေးကို ကိုက်စားပစ်ချင်တယ် -ဝမ်ရ...