မင်းယောကျ်ား
ရန်ကုန်မှာနေပြီး ချမ်းသာတဲ့မျိုးရိုးကဆင်းသက်လာတဲ့ကောင်လေးတစ်ယောက်။ တစ်နေ့ အဖေ့ရဲ့အလုပ်ကိစ္စတွေကြောင့် တောင်ကြီးကိုပြောင်းလာခဲ့ရတယ်။ မိဘကအလိုလိုက်ထားတာကြောင့် နည်းနည်းဆိုးပြီး ရည်းစားတွေရှုပ်တဲ့ကောင်လေးတစ်ယောက်။ အသားအရည်ညိုညို ၊ အရပ်ရှည်ရှည် ၊ တောင့်တင်းခိုင်ခန့်သော Body ၊ မျက်နှာဝိုင်းဝိုင်း ၊ မျက်လုံးကျယ်ကျယ် ၊ မျက်တောင်ရှည်ရှည် ၊ မျက်ခုံးထူထူကိုမှရှိတ်ထားသေး ၊ ဆံပင်တွေဆိုလည်းတစ်ပတ်တစ်ခါ colour တွေအရမ်းဆိုးတက်တဲ့ကောင်လေး။ လိုချင်တာကိုမရရအောင်ယူတက်တဲ့ကောင်လေး။
နေကြာမောင်
တောင်ကြီးမှာနေပြီး နေကြာပန်းခြံမှာအလုပ်လုပ်နေတဲ့ ဆင်းရဲ့တဲ့ကောင်လေးတစ်ယောက်။ အဖွားနဲ့အတူနေပြီး မိဘတွေမရှိတော့တဲ့ကောင်လေးတစ်ယောက်။ အားလပ်ချိန်တွေမှာ Tours Guide အချိန်ပိုင်းလည်းလုပ်သေးတဲ့ကောင်လေး။ တောင်ကြီးရဲ့ရာသီဥတုတွေကြောင့် အသားအရည်ဖွေးဥပြီး မိန်းခလေးရှုံးအောင်လှတဲ့ကောင်လေး။ ရှည်လျှားပြီး သွယ်လျှသောလက်ချောင်းလေးတွေရယ် ၊ ဗြုတ် ကိုက်ရာတောင်မရှိ ဖွေးဥချောမွေ့နေတဲ့ ခြေထောက်ကလေးတွေ ၊ မျက်လုံးမှေးမှေး ၊ နှာခေါင်းချွန်ချွန် ၊ မျက်ခုံးမွှေးထူထူ ၊ ပန်းရောင်းသန်းနေတဲ့ ပါးလေးတွေနဲ့ နှုတ်ခမ်းလေးတွေ ၊ ရယ်ရင်သွားထပ်လေးပေါ်ပြီး မျက်လုံးပျောက်ပျောက်သွား၊ ဆံပင်လေးက two block style လေးအမြဲထားတက်တဲ့ကောင်လေး။
စိုင်းသက္ကရာဇ်
နေကြာပန်းခြံတွေပိုင်တဲ့သူဌေးလေးတစ်ယောက်ဖြစ်ပြီး အရမ်းသဘောကောင်းပြီး သနားကြင်နာတက်တဲ့ အသက်၂၈နှစ်အရွယ် ကောင်လေး။ သူ့ဘဝမှာအလိုချင်ဆုံးကတစ်ခုတည်းပဲ အဲ့တစ်ခုကိုလည်းမရရအောင်ယူမယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားတဲ့ကောင်လေးတစ်ယောက်။ အမြဲတမ်း မြန်မာဝတ်ဆုံရယ် ပုဆိုးရယ်ပဲဝတ်တဲ့ကောင်လေး ။ လှေလှော်တဲ့နေရာမှာလည်းအရမ်းတော်တဲ့ပြိုင်စံရှားကောင်လေး။ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်။
နန်းဟေဇယ်
ပေါ့ပေါ့ပါးပါးနေတက်ပြီး အချစ်ကိုကိုးကွယ်တဲ့သူမ။ တစ်ကျောင်းလုံးရဲ့Queen ။ ဘယ်ယောကျ်ားလေးမှသူ့နားကပ်လို့မရ။ မာနအရမ်းကြီးတဲ့သူမ။
YOU ARE READING
I'm your offical husband
RomanceဒီFicလေးဟာဒုတိယမြောက်ရေးသားထားတာမို့အားပေးကြပါအုံး။စာအရေးအသားအရမ်းကြီးမကောင်းပေမယ့်သည်းခံဖတ်ပေးစေချင်ပါတယ်။ တောင်ကြီးမြို့ကိုအခြေခံပြီးရေးထားတာမို့ တောင်ကြီးမြို့ရဲ့အထင်ကရနေရာတွေကိုကိုယ်တိုင်ရောက်သွားသလိုသာသာကခေါ်ဆောင်သွားပေးပါမယ်။ မင်မင်ကတောင်ကြီးသ...