တောင်ကြီးရဲ့ရာသီဥတုက24နာရီလုံးအေးနေပေမဲ့ Octoberလမို့ခုတစ်လောပိုအေးလာသလိုခံစားနေရတယ်။ ကျွန်တော်တို့မြို့လေးဟာရိုးမတောင်ပေါ်မှာတည်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ရုံးအခြေစိုက်မြို့လေးတစ်မြို့ပေါ့။ရိက္ခာပို့တဲ့နေရာမှာအချက်အချာကျတဲ့မြို့လေးဆိုလည်းမှားဘူးပေါ့ဗျာ။ အေးချမ်းသာယာပြီး နိုင်ငံခြားဧည့်သည်အများကြီးလာတဲ့နေရာလေးပေါ့။တန်ဆောင်တိုင်ပွဲတော်ကာလတွေဆိုအရမ်းပျော်စရာကောင်းပြီး လူစည်ကားတဲ့မြို့လေးတစ်မြို့လည်းဖြစ်တယ်ဗျ။ ထားပါတော့ဗျာ ကျွန်တော်တို့မြို့လေးအကြောင်းချီးကျူးပြောနေရရင်ပြီးမှာမဟုတ်တော့ပါဘူး။
" အော့ အီး အီး အွတ် "
ကြက်ဖတွန်သံကြားသောကြောင့် အိပ်မောကျနေရာကနေနိုးထလာကာ နာရီကြည့်လိုက်ချိန် မနက်၅နာရီခွဲနေပြီးဖြစ်တာကြောင့် ပျင်းကျောဆန့်ကာ အလျင်အမြန်ပဲထလိုက်လေသည်။ အိပ်ယာကိုသိမ်းကာ လုပ်စရာရှိတာလုပ်ဖို့ပြင်ဆင်နေတဲ့ကောင်လေးတစ်ယောက် သူ့ကိုယ်သူအိမ်ရှင်မတစ်ယောက်လိုမျိုး အိမ်ရဲ့ဝေယာဝိစတွေကိုတစ်ယောက်တည်းလုပ်နေရာမှာကျွမ်းကျင်ပိုင်နိုင်လှလေတယ်။ပထမဦးဆုံးအနေနဲ့ အဖွား နဲ့အတူစားဖို့အတွက် ရှမ်းထမင်းချဥ်နဲ့ တို့ဟူးကြော်ဖို့ပြင်ဆင်လေတယ်။ အဖွားအကြိုက်မနက်စာမို့ မနက်တိုင်းချက်ကျွေးဖြစ်ပါတယ်။ ရှမ်းထမင်းချဥ်ကို အဖွားကဂျူးမြစ်များများနဲ့ကြိုက်တာမို့ ဂျူးမြစ်တွေကိုတစ်ခုစီဆေးကြောနေလေတယ်။ တစ်ဖက်မှာလည်းတို့ဟူးကိုကြော်ထားကာ ဆီပွက်နေတဲ့အသံကမနက်အစောမို့ ကျယ်လောင်စွာကြားနေရလေတယ်။ အကျက်လွန်သွားမည်ဆိုးသောကြောင့် တစ်ခုချင်းစီအထပ်အောက်လှန်ပြီး သေချာဂရုစိုက်နေရသေးတယ်။ အရမ်းကျွတ်တဲ့အနေအထားမကြိုက်တာကြောင့် ရွှေရောင်သမ်းတဲ့အချိန်မှာအကုန်ဆယ်ထည့်လိုက်ပါတယ်။မနက်စာပြင်ဆင်ပြီးချိန်မှာတော့ အိမ်ကဘုရားစင်ကိုဆွမ်းတော်ကပ်ပါတယ်။
" သြကာသ ၊ သြကာသ ၊ သြကာသ ....."
ဘုရားရှစ်ခိုးသံဟာလည်းမနက်အာရုံတက်ချိန်မို့ ကြားရသူအဖို့စိတ်ကြည်လင်ချမ်းမြေ့ကာ အလွန်ကြည်နူးရပါတယ်။ ထိုအသံကြောင့် အဖွားလည်းစတင်ပြီးနိုးလာပါတော့လေသည်။
YOU ARE READING
I'm your offical husband
RomanceဒီFicလေးဟာဒုတိယမြောက်ရေးသားထားတာမို့အားပေးကြပါအုံး။စာအရေးအသားအရမ်းကြီးမကောင်းပေမယ့်သည်းခံဖတ်ပေးစေချင်ပါတယ်။ တောင်ကြီးမြို့ကိုအခြေခံပြီးရေးထားတာမို့ တောင်ကြီးမြို့ရဲ့အထင်ကရနေရာတွေကိုကိုယ်တိုင်ရောက်သွားသလိုသာသာကခေါ်ဆောင်သွားပေးပါမယ်။ မင်မင်ကတောင်ကြီးသ...