Unicode......
တစ်နေ့လုံးငိုထားပေမယ့်ဘယ်သူမှမသိအောင်မရိပ်မိအောင်နေနေပါတယ်။ဦးလေးတို့လည်းသူ့ဘာသာသူနေနေတာမို့ကျွန်တော့ကိုတော့မရိပ်မိကြပါဘူး။ ကျွန်တော်မျက်နှာကသိပ်မဖော်ပြပေမယ့် ရင်ထဲမှာတော့အရမ်းဝမ်းနည်းနေမိတယ်...တစ်ယောက်ထဲထိုင်နေတာကိုမြင်ပြီးရုတ်တရက်ကိုစိုင်းကကျွန်တော့အနားလာပြီးစကားလာပြောနေလေတယ်။ ကိုစိုင်းရောက်လာတာသိလို့ကျွန်တော့်မျက်နှာကိုချက်ချင်းပြင်လိုက်ပါတယ်...
" ညီ ပျင်းနေတာလား ၊ တစ်ယောက်တည်းငြိမ်နေတာဘဲ "
" မဟုတ်ပါဘူးဗျ ပျော်ပါတယ် "
ကျွန်တော်မပျော်ပေမဲ့ ကိုစိုင်းသိသွားမှာဆိုး၍ ရိုးသားစွာလိမ်လိုက်ပါတယ်...
" ပျော်တယ်သာပြောတယ် ညီ့မျက်နှာကတစ်ခုခုဖြစ်နေသလိုပဲ ၊ ဘာလဲ ဟိုကောင်မင်းကိုစလို့လာ "
ကိုစိုင်းလည်းကျွန်တော့်ကိုခန့်မှန်းတက်သလိုပဲ၊ ကျွန်တော်စိတ်ညစ်နေမှန်းသိနေတယ် ..
" မဟုတ်ပါဘူးဗျာ ကျွန်တော်အဖွားကိုရုတ်တရက်သတိရနေလို့ပါဗျ "
" ဒါဆိုလည်း ကိုစိုင်းကညီအေးဆေးနေလို့ရအောင်ရှောင်နေပေးမယ်နော် "
ကိုစိုင်းလည်းကျွန်တော့စိတ်ညစ်နေမှန်းသိလို့ တစ်ယောက်တည်းအေးဆေးနေလို့ရအောင်ထွက်သွားပေးနေလေတယ်။ကျွန်တော်အရမ်းစိတ်ညစ်တာပဲ စိတ်ထဲမှာအဲ့အတွေးကြီးကကျွန်တော့ကိုသတ်နေသလိုပဲဘယ်လိုမှနေလို့မရဘူး။ ...
ဟိုအရူးကောင်ကလည်း ဒီနေ့မှအတော်ခြေငြိမ်နေသလိုပဲ ၊ အရင်လိုအပြင်တွေတောင်မထွက်တော့ဘူး ၊ သူ့အဖေနဲ့ အကိုရှိနေလို့ ခြေငြိမ်နေလေရဲ့။ ကျွန်တော်လည်းတစ်နေ့လုံးသူ့မျက်နှာကြီးကိုမြင်နေရတော့မည်ဖြစ်၍စိတ်ညစ်နေလေတယ်....
ဟိတ်
ရုတ်တရက်ဟိုအရူးကောင်က ကျွန်တော့ကိုလှမ်းခေါ်နေလေတယ်။မသွားချင်ပေမယ့် ကျွန်တော့ကသူ့ရဲ့လက်ခုပ်ထဲကရေဖြစ်နေတာကြောင့် မသွားချင်ဘဲ သူခေါ်တဲ့ဆီသွားလိုက်ရတော့တယ်...
YOU ARE READING
I'm your offical husband
RomanceဒီFicလေးဟာဒုတိယမြောက်ရေးသားထားတာမို့အားပေးကြပါအုံး။စာအရေးအသားအရမ်းကြီးမကောင်းပေမယ့်သည်းခံဖတ်ပေးစေချင်ပါတယ်။ တောင်ကြီးမြို့ကိုအခြေခံပြီးရေးထားတာမို့ တောင်ကြီးမြို့ရဲ့အထင်ကရနေရာတွေကိုကိုယ်တိုင်ရောက်သွားသလိုသာသာကခေါ်ဆောင်သွားပေးပါမယ်။ မင်မင်ကတောင်ကြီးသ...