Unicode....
တီး တီး တီ
ကားဟွန်းတီးပြီးခြံထဲကိုဝင်လာတာကတော့ ညီလေးတို့ရဲ့ကားပေါ့၊ ဖေဖေကတော့သူ့သားငယ်ကိုစိတ်ပူနေတယ်ထင်တယ်၊ ပြန်မရောက်မချင်းစိတ်မအေးနိုင်ဘူး ဧည့်ခန်းမှာ ဟိုလျှောက်လိုက် ဒီလျောက်လိုက်နဲ့....
" အဖေ့သားငယ်ပြန်လာပြီထင်တယ် "
" ဟုတ်ပါ့ကွာ ဘယ်ချိန်ရှိနေပြီလဲ ခုမှပြန်လာရတယ်လို့ "
အဖေနဲ့အကိုကတော့ ကျွန်တော်ထင်တဲ့အတိုင်းပဲ အိမ်ပေါက်ဝကနေကျွန်တော်တို့ကိုစောင့်နေလေရဲ့။
" သားငယ် ဘယ်တွေသွားနေလို့ ခုချိန်မှပြန်လာရတာလဲ "
" ညီ ကောအဆင်ပြေရဲ့လား ၊ ဒီကောင်ဘယ်ကိုခေါ်သွားလို့ဒီလောက်နောက်ကျနေရတာလဲ "
အကိုကလည်း သူ့ညီကိုစိတ်ပူမယ်မရှိဘူး ဟိုကောင်လေးကိုပိုပြီးစိတ်ပူနေသေးတယ်။ ဘယ်လိုအကိုပါလိမ့်
" အကိုလည်း စိတ်မပူပါနဲ့ ၊ ကျွန်တော်တို့နှစ်ယောက်တူတူရှိနေတာပါ ၊ ပြန်လာနေတုန်းလမ်းမှာကားပျက်နေလို့ အိမ်ပြန်နောက်ကျသွားတာပါ "
" ဟုတ်ပါတယ်ကိုစိုင်းရယ် ၊ စိတ်မပူနဲ့တော့နော် ဦးလေးကော "
ဒီလိုပြောလိုက်မှဘဲ ဦးလေးနဲ့ ကိုစိုင်းစိတ်ပူတာတွေပျောက်သွားပြီ ကျွန်တော်တို့ကိုမေးခွန်းတွေထပ်မမေးတော့လေတယ်...
" ဒါနဲ့ ညီ ၊ ဒီနေ့ဘုရားသွားရတာပျော်ရဲ့လား "
" ဟုတ် ပျော်ပါတယ်ဗျ ၊ ဘုရားကြီးကအရမ်းသပ္ပာယ်ပြီး အရမ်းလည်းစိတ်အေးချမ်းရပါတယ် "
" အင်း ဒီနေ့ပင်ပန်းသွားပြီဆိုတော့ နားလိုက်အုံးနော် ၊ နောက်နေ့အကို ညီသွားချင်သေးတဲ့နေရာတွေထပ်ပြီးလိုက်ပို့ပေးမယ်နော် "
" ဟုတ်ကဲ့ "
ဟင် အကိုကသူ့ကိုထပ်လိုက်ပို့အုံးမှာလားဟ ၊ ဒါမှန်းသိရင် ဒီနေ့တစ်နေ့လုံးသူသွားချင်တဲ့နေရာတွေအကုန်လုံးလိုက်ပို့ပေးပါတယ်ကွာ၊ တစ်မျိုးမထင်ကြနဲ့နော် ဆီစျေးတွေတက်နေလို့ ....
YOU ARE READING
I'm your offical husband
RomanceဒီFicလေးဟာဒုတိယမြောက်ရေးသားထားတာမို့အားပေးကြပါအုံး။စာအရေးအသားအရမ်းကြီးမကောင်းပေမယ့်သည်းခံဖတ်ပေးစေချင်ပါတယ်။ တောင်ကြီးမြို့ကိုအခြေခံပြီးရေးထားတာမို့ တောင်ကြီးမြို့ရဲ့အထင်ကရနေရာတွေကိုကိုယ်တိုင်ရောက်သွားသလိုသာသာကခေါ်ဆောင်သွားပေးပါမယ်။ မင်မင်ကတောင်ကြီးသ...