Unicode...
ကျွန်တော်တို့တွေစားသောက်လို့လည်းပြီးတော့ သူ့ကောင်မလေးနဲ့ တစ်နေရာကိုသွားဖို့ပြင်နေလေတယ်၊ ဘယ်မှန်းတော့မသိပေမယ့် ကျွန်တော်လည်းလိုက်သွားရတာပေါ့...." ကိုကို ချစ်ရှေ့ခန်းကနေထိုင်မယ်နော် "
" အင် ထိုင်လေး "
သူ့ကောင်မလေးကရှေ့ခန်းကထိုင်မယ်ဆိုတော့ ငါကဘယ်နားထိုင်ရမှာလဲ ၊ နောက်ခန်းတံခါးကလည်းပျက်နေတာဆိုတော့ ....
" မတက်ဘူးလား ဘာရပ်ကြည့်နေတာလဲ "
ကျွန်တော့ကိုများ လာအော်နေသေးတယ်။သူ့ကောင်မလေးကရှေ့မှာထိုင်တော့ကျွန်တော်ကဘယ်မှာထိုင်ရမှန်းမသိတော့ဘူး ....
" ကျွန်တော်က ဘယ်ကလိုက်ရမှာလဲ "
ဟုတ်သားပဲ မနက်ကကျွန်တော်သူ့ကိုနောက်ခန်းတံခါးတွေပျက်နေတယ်လို့ပြောထားလို့ထင်တယ်၊ သူဘယ်မှာထိုင်ရမလဲမသိလို့ရပ်နေလေတယ်....
" မပျက်ပါဘူး မင်းကိုငါနောက်လိုက်တာ "
တော်တော်အကျင့်ရုပ်တာပဲ မပျက်ဘဲနဲ့လာလိမ်နေသေးတယ်။ငါ့မှာတော့တကယ်ပျက်နေတယ်ထင်လို့သူနဲ့အတူရှေ့ခန်းမှာထိုင်လိုက်ရတယ်....
" ပြီးရော အနောက်ခန်းမှာဘဲ ထိုင်လိုက်ပါမယ် "
မှန်ထဲကနေကျွန်တော့ကိုပြုံးစိစိနဲ့လာကြည့်နေသေးတယ်၊ ကျွန်တော်လည်းစိတ်တိုလိုက်တာ သူ့မျက်နှာကြီးမြင်နေရတာ...
ဒီလိုနဲ့သူလည်းဘယ်ကိုမောင်းလို့မောင်းမှန်းမသိမောင်းနေလေတယ်။ ခဏလည်းနေတော့ ရန်ကုန်မြို့ရဲ့အကြီးဆုံးClubရှေ့မှာကားကိုရပ်လိုက်လေတယ်။ Clubဆိုတာရုပ်ရှင်တွေထဲမှာဘဲမြင်ဖူးတာမို့ သွားဖို့ဆိုတာဝေလာဝေးပဲ။ လာတဲ့လူတိုင်းကလည်းကိုယ်ပိုင်ကားရောင်စုံနဲ့ အသက်တွေကလည်း ကျွန်တော်နဲ့မတိမ်မယိမ်းအရွယ်တွေလည်းပါနေလေတယ်။ မိဘပိုက်ဆံထိုင်သုံးနေတဲ့လူတွေမို့ ကျွန်တော်တော့နည်းနည်းမှကြည့်မရခဲ့ပါဘူး။ဝတ်စားထားတာဟာလည်းတစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင်တွေဝတ်ထားလေတယ်၊ ကျွန်တော်ပုံစံကိုလည်းကြည့်အုံးလေ လူအများဝိုင်းကြည့်ချင်စရာ မြန်မာဝတ်စုံနဲ့ပုဆိုးနဲ့လေ....
STAI LEGGENDO
I'm your offical husband
Storie d'amoreဒီFicလေးဟာဒုတိယမြောက်ရေးသားထားတာမို့အားပေးကြပါအုံး။စာအရေးအသားအရမ်းကြီးမကောင်းပေမယ့်သည်းခံဖတ်ပေးစေချင်ပါတယ်။ တောင်ကြီးမြို့ကိုအခြေခံပြီးရေးထားတာမို့ တောင်ကြီးမြို့ရဲ့အထင်ကရနေရာတွေကိုကိုယ်တိုင်ရောက်သွားသလိုသာသာကခေါ်ဆောင်သွားပေးပါမယ်။ မင်မင်ကတောင်ကြီးသ...